Main menu

အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်ဖြန့်ဝေခြင်းအစီစဉ်များ

Powered by Drupal
Mon, 08/26/2024 - 14:29 -- consumer_admin

    ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် စားသုံးသူ၏ရွေးချယ်မှုအပြုမူနှင့်ဖြစ်နိုင်ချေရှိသည့် အကြောင်းအရာများကြောင့်ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်မှုသက်ဆိုင်သည့်သတင်းအချက်အလက်များ၊ သက်ဆိုင်ရာပြည်သူများ၏ယဉ်ကျေးမှုအစဉ်အလာများနှင့် စားသုံးမှုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးကျေးဇူးများနှင့် နစ်နာဆုံးရှုံးစေမှုများအား စားသုံးသူများသိရှိစေရန် အသိပညာပေးမှုနှင့် သတင်းအချက်အလက်ဖြန့်ဝေပေးမှုအစီအစဉ်များဆောင်ရွက်ရပါမည်။

          ထိုသို့ဆောင်ရွက်ရခြင်းမှာ စားသုံးသူများကိုခွဲခြားဆက်ဆံမှုမခံရစေရန် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များသိရှိပြီးမှသာ ရွေးချယ်ဝယ်ယူနိုင်စေရန်နှင့် စားသုံးသူများအနေဖြင့် မိမိတို့ရရှိမည့် အခွင့်အရေးများအပြင် လိုက်နာရမည့်တာဝန်များကိုပါသိရှိစေရန်အတွက်ဖြစ်ပါသည်။ အသိပညာပေးခြင်းနှင့် သတင်းအချက်အလက်ဖြန့်ဝေပေးမှုအစီအစဉ်များဖွံ့ဖြိုးတိုးတက်စေရန် ဝင်ငွေနည်းပါးသောစားသုံးသူများနှင့် စာတတ်မြောက်နည်းပါးသည့် (သို့မဟုတ်) တတ်မြောက်မှုမရှိသည့် မြို့ပြနှင့်ကျေးလက်ဒေသများမှ ထိခိုက်လွယ်သည့် စားသုံးသူများ၏ လိုအပ်ချက်ကိုအခြေခံ၍ ဆောင်ရွက်သွားရပါမည်။ အသိပညာပေးလုပ်ငန်းများတွင် စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြားသက်ဆိုင်ရာ ပြည်သူအဖွဲ့အစည်းများပါဝင်ဆောင်ရွက်ရပါမည်။

        စားသုံးသူအသိပညာပေးနှင့် သတင်းအချက်အလက်ဖြန့်ဝေခြင်းအစီအစဉ်များကိုဆောင်ရွက်ရာတွင် ကျန်းမာရေး၊ အာဟာရပြည့်ဝမှု၊ အစားအသောက်ကြောင့်ဖြစ်ပွားသော ရောဂါများနှင့် အစားအသောက်မသန့်ရှင်းမှုနှင့်ပတ်သက်သည့် အကာအကွယ်ပေးမှုများ၊ ထုတ်ကုန်များ၏ဘေးအန္တရာယ်ရှိမှုများ၊ ထုတ်ကုန်များ၏ကုန်အညွှန်းအမှတ်အသားများ၊ သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းမှုများဖြစ်သည့် အငြင်းပွားမှုဖြေရှင်းရေးနှင့်စပ်လျဉ်းသည့်နည်းလမ်းများ၊ စားသုံးသူအကာအကွယ်ပေးရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းများမှတစ်ဆင့်အရေးယူဆောင်ရွက်မှုများ၊ အလေးချိန်နှင့်အတိုင်းအတာ၊ ဈေးနှုန်းအရည်အသွေး၊ ကြွေးမြီအခြေအနေ၊ အခြေခံလိုအပ်ချက်များရရှိနိုင်မှုနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ၊သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်သိမ်းကာကွယ်စောင့်ရှောက်မှုများ၊ အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်ကိရိယာပစ္စည်းများ၊ စွမ်းအင်နှင့်ရေတို့ကို အရည်အသွေးပြည့်ဝစွာအသုံးချနိုင်သည့် စားသုံးသူအကာကွယ်ပေးရေး၏ အရေးပါသောအခန်းကဏ္ဍများကိုဆောင်ရွက်ရန်လိုအပ်သည်ဟုသိရှိရပါသည်။

ကိုးကား- ကမ္ဘာ့ကုလသမဂ္ဂ၏စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာလမ်းညွှန်ချက်များ

DOCA(ရှမ်း)