စိုက်ပျိုးမည့်မှိုများကတော့ ငွေနှင်းမှို၊ ငွေမှို ၊ကြွက်နားရွက်မှို ၊နို့စိမ်းမှိုနှင့် ညောင်မှိုတို့ပဲဖြစ်ပါသည် ငွေနှင်းမှိုကအဖြူရောင်ဖြစ်ပြီး၊ငွေမှိုကတော့အညိုရောင်ဖြစ်ပါတယ်။ မှိုစိုက်ပျိုးရာတွင် အဓိကပါဝင်သော ကုန်ကြမ်းကတော့လွှစာမှုန့်ပဲဖြစ်ပါတယ်၊အခြားပါဝင်သော ပစ္စည်းများကတော့ ဖွဲနု၊ပဲတီးစိမ်း၊ထုံး၊ သကာရည်၊ လျှာလကာရည်နှင့်ဆားခါးတို့ပဲ ဖြစ်ပါတယ်။ ၎င်းပစ္စည်းများကို အစာစပ်ရပါတယ် အစာစပ် ပြီးနောက် တစ်ညသိပ်ရပါတယ်၊ပြီးတာနဲ့ထုပ်ရပါတယ် ထုပ်ပြီးရင်ထုရပါတယ် ပြီးနောက်ပေါင်းခံ ထဲထည့်ရပါတယ် ပြီးရင်ပေါင်းရတယ် ငွေနှင်းမှိုနှင့် ငွေမှိုကိုတော့ နှစ်နာရီပေါင်းပြီး အခြားမှိုများအား လေးနာရီပေါင်းရပါတယ် ပြီးနောက် တစ်ညအေးအောင်ထားရပါတယ်၊ထို့နောက် မနက်ရောက်တာနဲ့ မျိုးထည့်တဲ့စင်ပေါ်တင်ရပါတယ်(၃)ရက်ကြာမှာတော့ မှိုစပွင့်ပြီးဖြစ်ပါတယ်၊ ရေကိုတော့ မနက်(၆)နာရီကို တစ်ကြိမ် ည(၁၁:၀၀)နာရီကိုတစ်ကြိမ် မနက်(၀၄:၀၀)နာရီကိုတစ်ကြိမ် ရေလောင်ရပါတယ် ရက်(၂၀)ခန့်ကြာတာနဲ့ မှိုစပွင်ပါတော့တယ်ရှင်။ ဈေးနှုန်း(၁၀) သားကို၂၅၀၀/၃၀၀၀ပ ပဲဖြစ်ပြီး၊၊တစ်ပိသာကို ၂၅၀၀၀/၃၀၀၀၀ ပဲဖြစ်ပါတယ်။
DOCA(ဧရာဝတီ)