Main menu

မအူပင် ပုဇွန်ချဉ် ဈေးနှုန်းဈေးကွက်

Powered by Drupal
Thu, 10/03/2024 - 13:40 -- consumer_admin

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ဒေသထွက်ကုန်အနေဖြင့် ပုဇွန်ချဉ်လုပ်ငန်းအား တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိပြီး မအူပင်မြို့အခြေပြု ထုတ်လုပ်ရောင်းချလျက်ရှိသော ပုဇွန်ချဉ် အမှတ်တံဆိပ်များတွင် (ဒေါ်နီ)ပုဇွန်ချဉ်၊ ကစ်ကစ် ပုဇွန်ချဉ်လုပ်ငန်းနှင့် မလွင် ပုဇွန်ချဉ် ကျေးရွာများမှ ငါးချဉ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်

    ပုဇွန်ချဉ်ပြုလုပ်ရာတွင် အဓိကအသုံးပြုသည့် ရေချိုပုဇွန်အမျိုးအစားကိုသာသုံးပြီး  ထမင်း၊ ဆားပါဝင်ကာ ကုန်ကြမ်းအဖြစ် အသုံးပြုသည့် ပုဇွန်များကို မအူပင်မြို့ရှိ ဈေးများမှ ရောင်းချသော ပုဇွန်ရောင်းချသည့် ဈေးသည်များမှ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း၊  ပုဇွန်ချဉ်ထုပ်ပိုးရာတွင် အသုံးပြုသည့် တောင်စွန်းဖက်ရွက်များကို အရွက်ကြီးလျှင် တစ်ချပ်၊ အရွက်သေးလျှင် နှစ်ချပ်ခန့်ဖြင့် သုံးရပြီး တောင်စွန်းဖက် အရွက် ၁၀၀၀ ကို ငွေကျပ် ၄၀၀၀/-ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ သင်အူကြိုးပတ်၍ ထုပ်ပိုးရသည်။ ပုဇွန်ချဉ် တစ်ထုပ်လျှင် ငါးချဉ် ၁၀ ကျပ်သားခန့်ပါရှိကာ တောင်စွန်းဖက် နှစ်ရွက်ခန့် အသုံးပြု၍ ထုပ်ပိုးရောင်းချကြောင်း သိရသည်။

     ပုဇွန်ချဉ်ထုတ်လုပ်သည့် လုပ်ငန်းငယ်တစ်ခုတွင် တစ်ရက်လျှင် ပုဇွန်ပိဿာချိန် ၅ပိဿာခန့်နှင့် ထမင်း ၂ပိဿာ၊ ဆား ၁၀ကျပ်သား၊ အသုံးပြု၍ ပုဇွန် ၁ပိဿာလျှင် ၄၅၀၀၀/-ကျပ် ဝယ်ယူရပြီး ပုဇွန်၊ထမင်း၊ဆားရောနှောပြီး ပိဿာချိန် ၇ပိဿာလျှင် ပုဇွန်ချဉ် ၁၀ ကျပ်သားပါ အထုပ်အရေအတွက် ၇၀ ခန့် ထွက်ရှိကြောင်း၊ ပုဇွန်ချဉ်ထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် လုပ်သားခ၊ ကုန်ကြမ်း၊ စုစုပေါင်း၍ ၂၇၅၀၀၀/-ကျပ်ခန့် ကုန်ကျကြောင်း၊ စျေးနှုန်းအနေဖြင့် စက်တင်ဘာလတတိယပတ်တွင် ပုဇွန်ချဉ် ၁၀ ကျပ်သား     ၁ ထုပ်လျှင် ငွေကျပ် ၅၀၀၀နှုန်းဖြင့် ရောင်းချလျက် ရှိကြောင်း၊ တစ်ရက်လျှင် ပုဇွန်ပိဿာချိန် ၅ပိဿာ အသုံးပြုရပြီး ပုဇွန်ချဉ် ထုတ်လုပ်နိုင်ပါက ငွေကျပ် ၃၅၀၀၀၀/-ကျပ်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ၇၅၀၀၀/-ကျပ် ရရှိကြောင်း၊စျေးကွက်အနေဖြင့် ဒေသတွင်းကိုသာ အဓိကထားရောင်းချပြီး ရန်ကုန်မြို့များမှ သီးသန့်မှာယူမှသာ တင်ပို့ရောင်းချကြောင်း၊ အခြားဒေသများမှ ၂၀သားထုတ်၊ ၂၅ကျပ်သားထုတ် မှာယူပါက ထုပ်ပိုးရောင်းချပါကြောင်း  ဖျာပုံ ၊ မြောင်းမြနှင့် ညောင်တုန်း ဓနုဖြူ၊ ပန်းတနော်မြို့တို့က မှာယူမှသာ တင်ပို့ရောင်းချလျက်ရှိကြောင်း  ဝယ်ယူသုံးစွဲသူများလည်း ရှိကြောင်း သိရသည်။ 

DOCA(ဧရာဝတီ)