Main menu

အောင်လံ(ဝါ)သီးနှံအကြောင်း တစေ့တစောင်း

Powered by Drupal
Mon, 10/07/2024 - 13:56 -- consumer_admin

     မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၏ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့သည့် ဝါသီးနှံစိုက်ဧကမှာ (၂၃၀၆၂)ဧကမှ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင်  ပိဿာချိန် (၄၀၀ မှ ၆၀၀)ထိထွက်ရှိကြောင်း သိရသည်။ ထွက်ရှိသော ဝါများအား ဒေသခံဝါလုပ်ငန်းရှင်များမှ ဝယ်ယူကြိတ်ခွဲကြပြီး ဝါဂွမ်းကို မန္တလေးမြို့၊ မိတ္ထီလာမြို့၊ ရွှေတောင်မြို့၊ မြစ်သားမြို့နှင့် ရန်ကုန်မြို့တို့ရှိ ချည်မျှည်နှင့်အထည်စက်ရုံများသို့လည်းကောင်း၊ အောင်လံမြို့တွင်းရှိ ဝါစေ့ဆီစက်များအပြင် ပြည်မြို့၊ မင်းဘူးမြို့နှင့် ပခုက္ကူမြို့တို့ရှိ ဆီစက်များသို့လည်းကောင်း၊ ဝါစေ့ဆီကို မြို့နယ် အတွင်းရောင်းသည့်အပြင် ပြည်မြို့၊ ရွှေတောင်မြို့၊ တောင်တွင်းကြီးမြို့နှင့် ဆင်ပေါင်ဝဲမြို့ရှိ လုပ်ငန်းရှင်များထံသို့ ရောင်းချပြီး ဝါကြိတ်ဖက်ကို အင်းမ၊ သဲကုန်းမြို့တို့ရှိ ငါးမွေးမြူးရေးလုပ်ငန်းများသို့ ရောင်းချကြောင်း သိရသည်။

     ၂၀၂၄ခုနှစ်၊ စက်တင်ဘာလကုန်ထိ မြို့ပေါ်ဝါသီးနှံဈေးနှင့် လက်ကျန်ဈေးအခြေအနေမှာ ဝါ(၁)ပိဿာလျှင် ကျပ်(၃၂၀၀-၃၄၀၀)ဈေးနှုန်းဖြင့် လက်ကျန်ပိဿာ(၅)သောင်းခန့်၊ ဝါဂွမ်း(၁) ပိဿာလျှင် ကျပ်(၈၀၀၀-၈၅၀၀-၉၀၀၀)ဈေးနှုန်းဖြင့် လက်ကျန်ပိဿာ(၆)ခန့်၊ (ဝါစေ့) (၁) ပိဿာလျှင် ကျပ်(၁၄၀၀-၁၅၀၀)ဈေးနှုန်းဖြင့် လက်ကျန်ပိဿာချိန်(၁)သိန်း(၂)သောင်းခန့်ရှိကြောင်း သိရသည်။

     ယခု၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ ဇွန်လနှင့်ဇူလိုင်လကုန်တွင် စတင်စိုက်ပျိုးသည့် အောင်လံမြို့ နယ်အတွင်းရှိ ဝါသီးနှံစိုက်ဧကမှာ (၂၃၂၇၀)ဧကခန့်ရှိပြီး ရာသီဥတု(မိုး)ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားမရှိဘဲ အနည်းငယ်ထိခိုက်သည့် စိုက်ဧကအချို့သာရှိခဲ့ကြောင်း၊ ရေဝပ်ဧရိယာများမှာသာ အပင်သန်မှုအားနည်းခဲ့ကြောင်း၊ မျိုးများအနေဖြင့် ရွှေတောင်(၁၀)၊ RAKA၊ TBL195 ၊B31မျိုးများကိုသာ အဓိကစိုက်ပျိုးကြောင်း၊ တောင်သူများအနေဖြင့် မိုး၊ လေကင်းလွတ်သော ဒီဇင်ဘာလတွင် လှိုင်လှိုင်စတင်ထွက်ရှိမည့် ဝါသီးနှံစိုက်ခင်းများ အထွက်နှုန်းကောင်းစေရန် ပြုစုစောင့်ရှောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)