ရွေအပ်မှိုသည်ဆေးဖက်ဝင်အာနိသင်ပါဝင်ပြီး အရသာကောင်းမွန်ရုံသာမက ကျန်းမာရေးအတွက်ပါ အထောက်အကူပြုသည့်သီးနှံတစ်မျိုး ဖြစ်ပါသည်။ ရွေအပ်မှိုသည် ရိုးတံရှည်ပြီးသေးသွယ်သော မှိုတစ်မျိုးဖြစ်ပါသည်။
အလေ့ကျပေါက်သော မှိုသည်ရိုးတံတိုပြီး အရောင်ပါရှိပါသည်။ စိုက်ပျိုးသောမှိုမှာ ရိုးတံရှည်ပြီး အရောင်ဖြူကာအပွင့်သေးပါသည်။ ပတ်ဝန်းကျင် အခြေအနေမတူသည်နှင့်အမျှ ထွက်လာသည့်မှို အပွင့်လည်း လုံးဝမတူပဲ အလင်းရောင်ရရှိလျှင် အရောင်ညှိပြီး ရိုးတံတိုကာ အပွင့်ကြီးလာတတ်ပြီး အလင်းရောင် နည်းပါက အရောင်ဖြူ၍ရိုး တံရှည်ကာအပွင့်သေးလာပါသည်။ ထို့ကြောင့် ဂျပန်မှိုပညာရှင်များက အလင်း၏ရောင်းနည်းသော အခန်းထဲတွင် ပလတ်စတစ်ဗူးများဖြင့် စိုက်ပျိုးကြရန် ထောက်ခံချက်ပေးထားပါသည်။ ရွှေအပ်မှိုစိုက်ပျိုးရန်အတွက် ရောစပ်စာပြုလုပ်နည်းမှာ အခြားမှိုမျိုးများအတိုင်း ဖြစ်ပြီးအသုံးပြုသည့် လွှစာတွင် ဝက်သစ်ချလွှစာထက်ဝက်ခန့် ရောနှောစပ်ပေး၍ ဖွဲ့နုကိုလည်း ၅-၇%အထိထည့်မှသာ မှိုမျှင်ဆင်းအား ကောင်းမွန်ကြောင်း စမ်းသပ်ချက်များအရ သိရှိရပါသည်။ မှိုမျိုးထည့်ပြီးသော စိုက်ထုတ်/စိုက်ဗူးကို မှိုမျှင်ရင့်ကျက်စေသော ကာလအတွင်း အပူချိန်၂၀-၂၃ ဒီဂရီစင်တီဂရိတ်နှင့် လေထုစိုထိုင်းဆ ၈၀-၉၀% အတွင်း မှိုမျှင်ပြန်ပြည့်လာပါသည်။ မှိုမျှင်များ ပြည့်လာပါက စိုက်ခန်းချ စိုက်ပျိုးနိုင်ပြီ ဖြစ်ပါသည်။ ရွှေအပ်မှိုကို အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်မှ ၁၈ ဒီဂရီစင်တီဂရိတ်အတွင်း စိုက်ပျိုးနိုင်သောလည်း အသင့်တော်ဆုံး အပူချိန်မှာ ၁၃ ဒီဂရီစင်တီဂရိတ်အတွင်းဖြစ်ပြီး လေထုစိုထိုင်းဆ ၈၀-၉၀% အတွင်း ထိန်းထားပေးရပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံရာသီဥတုနှင့်ဆိုလျှင် လေအေးပေးစက်အသုံးပြုပြီး စိုက်ပျိုးမှသာ ဖြစ်ထွန်းအောင်မြင်နိုင်ပါသည်။ စိုက်ခန်းအတွင်း အလင်းရောင်များပြီး ကာဗွန်ဒိုင်အောက်စိုက်ပါဝင်မှု 100 ppm ထက်နည်းပါကရိုးတံတိုတုတ်ပြီး အပွင့်ပွင့်လာနိုင်သောကြောင့် အပွင့်သေးပြီး ရိုးတံရှည်ကာ အရောင်ဖြူသည့် ဈေးကွက်ဝင်မှိုများ ရရှိစေရန်အတွက် အလင်းရောင်နည်းသည့် အခန်းထဲတွင် စိုက်ပျိုးသင့်ပါသည်။ မှိုသန္ဓေခဲများ စတင်ထွက်ရှိလာလျှင် ကာဗွန်ဒိုင်အောက်စိုက်ပါဝင်မှု ပိုမှိုများပြားလာစေရန်အတွက် ဗူးနှုတ်ခမ်းမှိုပွင့်ထွက်မည့်နေရာတွင် ဖလင်းပြားပတ်ထားပေးရန် လိုအပ်ပါသည်။ မှိုပွင့်၏ ရိုးတံအရှည် ၁၅စင်တီမီတာခန့် ရှိလာလျှင် စတင်ခူးဆွတ်နိုင်ပါသည်။
DOCA(ဧရာဝတီ)