Main menu

ပင်မှည့်သီးရဲ့ကောင်းကျိုး

Powered by Drupal
Wed, 10/23/2024 - 12:07 -- consumer_admin

      ပင်မှည့်သီးရဲ့အတွင်းမှာ အစေ့တွေအမြောက်အများပါဝင်ပြီး ပင်မှည့်သီးကိုဖျော်ရည်လုပ်ပြီး သောက်နိုင်သလို အခြားဖျော်ရည်တွေမှာလည်း ထည့်ပြီးသောက်သုံးတတ်ကြပါတယ်။ ပင်မှည့်သီးမှာ ကျန်းမာရေးအတွက် ကောင်းမွန်သော အာဟာရဓာတ်များစွာပါဝင်ပါတယ်။

      ဗီတာမင်အေနဲ့ဗီတာမင်စီ များပါဝင်သောကြောင့် အမြင်အာရုံ၊ အရေပြားနဲ့ ခန္ဓာကိုယ်ခုခံစွမ်းအားအတွက် အကျိုးရှိစေပါတယ်။ နှလုံးကြွက်သားတွေနဲ့ သွေးကြောတွေအတွက် ကောင်းမွန်စေတဲ့ ပိုတက်ဆီယမ်ဓာတ်ပါဝင်ပြီး အမျှင်ဓာတ်၊ သံဓာတ်တို့လည်း ပါဝင်ပါတယ်။

          ပင်မှည့်သီးမှာ ချဉ်ချိုချိုအရသာရှိသောကြောင့် လူကိုလန်းဆန်းစေပါတယ်။ ရေဓာတ်ကြွယ်ဝ သောကြောင့် အခြာဖျော်ရည်တွေထက်ရေဆာခြင်းကို မဖြစ်စေသလိုခံတွင်းကိုလည်း ရှင်းလင်းစေပါ တယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းကြွယ်ဝစွာပါဝင်တဲ့အတွက် ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကင်ဆာရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ အစာကြေစနစ်ကိုလည်း ကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်တဲ့အတွက် အစာအိမ်သမားတွေအထူးအားထားရတဲ့အသီးတစ် မျိူးဖြစ်ပါတယ်။ ပင်မှည့်သီးက ပန်းနာရင်ကျပ်အမားများအတွက်လည်း သင့်တော်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ မျက်လုံးကျန်းမာရေးအတွက်လည်း အသုံးဝင်ပါတယ်။ သွေးအားနည်းရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

          သို့ရာတွင် ပင်မှည့်သီးက ကျန်းမာရေးအတွက် ကောင်းမွန်ပေမဲ့ အများကြီးစားသုံးရန်မသင့်ပါ။ ကိုယ်တွင်းရောဂါအခံရှိသူတွေ ကျန်းမာရေးပြဿာနာတစ်ရပ်ရပ်ရှိသူများ သောက်မည်ဆိုလျှင် ဆရာဝန်နဲ့တိုင်ပင်သင့်ပြီး အလွန်အကျွံမစားမိဖို့လည်း လိုအပ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)