Main menu

“နောင်ရေးကောင်းဖို့ ထောပတ်သီးပင်စိုက်စို့”

Powered by Drupal
Wed, 11/06/2024 - 10:56 -- consumer_admin

ပြင်ဦးလွင်မြို့နယ်သည် မန္တလေးတိုင်းဒေသကြီးအတွင်း၌တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ(၃၅၃၈)ပေရှိပြီး သင့်တင့်အေးမြသည့်ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့သည့် မြို့လေးတစ်မြိုဖြစ်ပါသည်။ မြို့ခံလူအများသည် နှစ်ရှည်သီးနှံပင်နှင့် ရာသီအလိုက် သီးနှံပင်များကိုစိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်းလည်းပြုကြပါသည်။ ယခုလို မြို့နယ်ရဲ့ ဂုဏ်ယူစရာဖြစ်သည့်နှစ်ရှည်သီးနှံဖြစ်သော ထောပတ်သီးနှံအကြောင်း သတင်းတစ်ပုဒ်ရေးဖြစ်တာကတော့ (၂၄-၁၀-၂၀၂၄) ရက်နေ့တွင်ထုတ်ဝေခဲ့သည့် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာမှာပါဝင်တဲ့ ဆရာမောင်အေးချမ်းရဲ့ မြန်မာနိုင်ငံထွက်ထောပတ်သီးကို မလေးရှားနိုင်ငံမှ ဝယ်ယူရန်သဘောတူပြီးဖြစ် ၍ တင်ပို့သွားနိုင်ရန်စီစဉ်နေကြောင်း၊ ပြင်ဦးလွင်ထောပတ်အသင်းအစုထံမှသိရှိရ၍ ထောပတ်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချနေသည့် တောင်သူတွေအတွက် ဝမ်းသာီတိဖြစ်ရပါသည်။ ထောပတ်သီးနှံသည် စားသောက်ကုန်တစ်မျိုးဖြစ်သလို အသား၊ အခွံ၊ အစိကစ အသီးအဆုံး လူတွေရဲ့အသားအရေလှပမှုနှင့် ဆေးဝါးများအတွက် အထူးအသုံးဝင်တဲ့အသီးတစ်မျိုးဖြစ်ပါသည်။ ယခုအခါ ပြင်ဦးလွင်မြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တောင်သူများက တွင်တွင်ကျယ် ကျယ်စိုက်ပျိုးလျက်ရှိပြီး ထောပတ်အသင်းအစုဖွဲ့ကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ ပြင်ဦးလွင်မြို့နယ်တွင် ထောပတ်စိုက်ဧက(၃၀၉)ဧကရှိပြီး ရိတ်သိမ်းနိုင်မှုမှာ ဧက(၁၅၀)ရှိပြီး တစ်ဧကလျှင် အပင်ရေ (၁၀၀)၊ ပင်ခြား၊ တန်းခြား (၂၀’×၂၀’) စိုက်စနစ်ဖြင့်စိုက်ပျိုးနိုင်ပါသည်။ အပင်တစ်ပင်အထွက်နှုန်းမှာ အသီးအလုံးရေ (၇၀)လုံးထွက်ရှိ၍ တစ်ဧက၌ အပင်(၁၀၀)ဆိုလျှင် အလုံးရေ(၇၀၀၀)ထွက်ရှိမည်ဖြစ်ပါသည်။ သက်တမ်းရင့်လေ အသီးအထွက်နှုန်းများလေဖြစ်ပါသည်။ ထောပတ်သီးနှံသည် စတင်စိုက်ပျိုးပြီး သက်တမ်း(၄)နှစ်ကြာလျှင် အသီးစတင်ခူးဆွတ်ရပါသည်။ ထောပတ်သီးနှံ၏ တစ်ဧကကုန်ကျစရိတ်မှာ ပျိုးပင်အမျိုးအစားအလိုက် တစ်ပင်လျှင် အနိမ့်ဆုံး (၈၀၀၀)ကျပ်၊ အမြင့်ဆုံး(၂၀၀၀၀-၂၃၀၀၀)ကျပ်စျေးရှိ၍ အနိမ့်ဆုံး(၈၀၀၀)ကျပ်နှင့်တွက်လျှင် ပျိုးပင်ဖိုး ကျပ်(၈၀၀၀၀၀/-)ကျပ်၊ စိုက်ကျင်းတူး၊ ရေပိုက်သွယ်၊ စက်ရေတွင်းတူးကုန်ကျစရိတ် ကျပ်(၃၀၀၀၀၀၀)၊ စုစုပေါင်းကုန်ကျစရိတ် (၃၈၀၀၀၀၀)ကျပ်ကုန်ကျကြောင်းသိရှိရပါသည်။ ယခု လက်ရှိထွက်ပေါ်နေသောထောပတ်သီးမှာ ပြင်ဦးလွင်စျေးကွက်တွင် ဒေသမျိုးနှင့် နိုင်ငံခြားမျိူးဟူ၍နှစ်မျိုးရှိပါသည်။ ဒေသမျိုးများအား အသီးတစ်လုံးချင်းရောင်းချပြီး စျေးနှုန်းအနေဖြင့် တစ်လုံးလျှင် အနိမ့်ဆုံး (၃၀၀)ကျပ်မှ အမြင့်ဆုံး(၇၀၀)ကျပ်ဖြင့်ရောင်းချရပြီး နိုင်ငံခြားမျိုးများကို Kg နှင့်ရောင်းချပြီး (၄)လုံးဆိုဒ် 1Kg လျှင် (၈၀၀၀)ကျပ်နှင့် (၆)လုံးဆိုဒ် 1Kg လျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ထောပတ်သီးကို မြန်မာနိုင်ငံမှာဆိုလျှင် ပြင်ဦးလွင်၊ တောင်ကြီး၊ မိုးကုတ်နှင့် အခြားဒေသအနည်းငယ်တို့တွင် စိုက်ပျိုးလျက်ရှိပြီး ပြင်ဦးလွင်နှင့်‌ တောင်ကြီးတို့တွင် အဓိကထားစိုက်ပျိုးကြပါသည်။ ပြင်ဦးလွင်မြို့သည် တောင်ပေါမြို့တစ်မြို့ တစ်ခုဖြစ်သလို ခရီးသွားဧည့်သည်များ လာရောက်မှုများသောမြို့လေးတစ်မြို့ဖြစ်ပါသည်။ ယခုလို‌ ထောပတ်သီးများထွက်ပေါ်နေချိန်တွင် လက်ဆောင်ပစ္စည်းအနေဖြင့် ခရီးသွားများ မဖြစ်မနေဝယ်ယူသွားကြပါသည်။ ထောပတ်သီးဝယ်ယူရာတွင် ထောပတ်သီးအလုံးလှတိုင်းလည်း မဝယ်မိစေရန် ထောပတ်သီးအရင့်/ အနုတို့ကို စားသုံးသူပြည်သူများက မသိကြပါဘူး။ နောက်ပြီး အဓိကက ထောပတ်သီးဖင်မှာ အညှာမပါလျှင် မဝယ်ပါနှင့်။ ဝယ်ယူမိလျှင် (၇၅%)မှာ ပုတ်သွားတဲ့အသီးတွေဖြစ့် ငွေကြေးဆုံးရှုံးမှုများဖြစ်နိုင်ကြောင်း၊ ဒါဟာလည်း လက်လီရောင်းဝယ်သူတွေရဲ့ ရိတ်သိမ်းချိန်လွန် နည်းပညာအားနည်းမှုတွေ အများဆုံးပါဝင်နေသလို ရင့်မှည့်ချိန်မတန်သေးတဲ့ အသီးတွေကို ဈေးကွက်ရဲ့ လိုအပ်ချက်အရ အလိုလောဘတွေနဲ့ခူးဆွတ်ပြီး စျေးကွက်တွင်ရောင်းချနေတာကိုတွေ့ရှိရပါသည်။ ယခုနှစ်တွင် ကျွန်တော်တို့စားသုံးသူရေးရာဦးစီးဌာနနှင့် ပြင်ဦးလွင်ထောပတ်အစုအဖွဲ့တို့ပူးပေါင်းပြီး ပြင်ဦးလွင်မြို့နယ်ရှိ ထောပတ်စိုက်ပျိုးသည့် လက်လီအရောင်းခြံများအားကွင်းဆင်းကာ ရိတ်သိမ်းချိန်လွန် နည်းပညာများဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်သော ခရီးသွားများအား ထောပတ်သီးအမျိုးအစားအလိုက် ရင့်မှည့်ချိန်ရာသီအလိုက် လက်ကမ်းစာစောင်များဖြန့်ဝေပေးလျက်ရှိပါသည်။ ထောပတ်သီးအမျိုးအစားအလိုက် ရင့်မှည့်ချိန်များမှာ ပီတာဆန် (Peterson) မျိုးမှာ သြဂုတ်လနှင့် စက်တင်ဘာလတွင် မှည့်ပါသည်။ ခူးဆွတ်ပြီး ရင့်မှည့်ရန် (၂- ၃) ရက်သာကြာပါသည်။ Russel (034/034) မျိုးမှာ စက်တင်ဘာလတွင် ရင့်မှည့်ပါသည်။ အမရာ (ဒေသမျိုး) စက်တင်ဘာလတွင်ရင့်မှည့်ပါသည်။ ဘာဘေးနီးယား(Buccaneer) အောက်တိုဘာလတွင်ရင့်မှည့်ပါသည်။ ခူးဆွတ်ပြီး (၃-၅)ရက်ကြာလျှင် ရင့်မှည့်ပါသည်။ ပင်ကာတန် (Pinkerten) အောက်တိုဘာလနှင့် နိုဝင်ဘာလတွင်ရင့်မှည့်ပါသည်။ ခူးဆွတ်ပြီး (၁၀-၁၅)ရက်ကြာလျှင် ရင့်မှည့်ပါသည်။ ဟက်(စ်)(Hass) ဒီဇင်ဘာလတွင် ရင့်မှည့်ပါသည်။ ခူးဆွတ်ပြီး (၇-၁၀)ရက်ကြာလျှင် ရင့်မှည့်ပါသည်။ မြောက်ကျွန်းသူ (ဒေသမျိုး )ဇန်နဝါရီလတွင်ရင့်မှည့်ပါသည်။ ခူးဆွတ်ပြီး (၅-၇)ရက်ကြာလျှင် ရင့်မှည့်ပါသည်။ ဒေသသီးမျိုးစုံ အောက်တိုဘာလတွင် ရင့်မှည့်ပါသည်။ ယခု(၂၄-၁၀-၂၀၂၄)ရက်နေ့တွင် ကြေးမုံနှင့်မြန်မာ့အလင်းသတင်းစာတွင် မြန့်မာထောပတ်သီးများအား Export တန်းဝင် အသီးအလုံးလိုက်၍ ဒေသမျိုးများအား အေးခဲသားများပြုလုပ်၍ မလေးရှားနှင့် နှစ်နိုင်ငံသဘောတူညီမှုပြုလုပ်၍ ရောင်းဝယ်မှုများပြုလုပ်သွားမည်ဟုသိရှိရပါသည်။
DOCA(မန္တလေး)