Main menu

ခိုင်မာ‌သော အမှတ်တံဆိပ်အမည်နှင့် နိုင်ငံတကာဈေးကွက်များသို့ ချဲ့ထွင်ခြင်း

Powered by Drupal
Fri, 11/08/2024 - 14:58 -- consumer_admin

မြန်မာ့စီးပွားရေးဈေးကွက်တွင် အမှတ်တံဆိပ်တစ်ခု၏ တန်ဖိုးသည် အရေးပါသော အချက်တစ်ချက်ဖြစ်သည်။ စားသုံးသူများအကြား ထုတ်ကုန်ပြိုင်ဆိုင်မှုများ တိုးလာသည်နှင့် အမျှခိုင်မာ‌သော အမှတ်တံဆိပ်အမည်သည် ယုံကြည်မှု၊ ကွဲပြားမှုနှင့် သစ္စာစောင့်သိမှုအတွက် အခြေခံအုတ်မြစ်အသွင်သဏ္ဍာန်အဖြစ် ဆောင်ရွက်ပါသည်။ မြန်မာနိုင်ငံတွင် လည်ပတ်နေသော စီးပွားရေးလုပ်ငန်းများအတွက် အမှတ်တံဆိပ်တည်ဆောက်ရေးသည် စားသုံးသူများကိုဆွဲဆောင်ရန်နှင့် အပြိုင်အဆိုင်ရှိစေရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ မိမိတို့ဒေသအတွင်း ယဉ်ကျေးမှုနှင့် တန်ဖိုးများနှင့် ကိုက်ညီသော အမှတ်တံဆိပ်အမည်ကိုဖန်တီးခြင်းဖြင့် ကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ စီးပွားရေးအောင်မြင်မှုအတွက် အလားအလာရှိသော ဈေးကွက်ကိုထူထောင်နိုင်မည်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်များနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များသည် ကြီးထွားလာနေသော စားသုံးသူများ၏ အာရုံစိုက်မှုကိုဖမ်းစားနိုင်စေရန် ကြိုးပမ်းအားထုတ်ခြင်းဖြင့် မြန်မာ့စီးပွားရေးသည် သွက်လက်စွာတိုးတက်မှုကိုကြုံတွေ့နေရသည်။ ဒစ်ဂျစ်တယ်မီဒီယာများထွန်းကားလာခြင်း၊ အင်တာနက်သုံးစွဲနိုင်မှုတိုးမြင့်လာခြင်းနှင့် စားသုံးသူများသတိပြုမိလာခြင်းသည် မြန်မာ့စီးပွားရေး တိုးတက်မှုကို များစွာအထောက်အကူပြုစေသည်။ ဤအခြေအနေတွင် အမှတ်တံဆိပ်အမည်များသည် ပြိုင်ဆိုင်မှုကိုထူထောင်ရန် စားသုံးသူများနှင့် ရေရှည်တည်မြဲသော ဆက်ဆံရေးကို တည်ဆောက်ရန်ရည်ရွယ်သော စီးပွားရေးလုပ်ငန်းများအတွက် အရေးပါလာပါသည်။
မြန်မာနိုင်ငံတွင် စားသုံးသူယုံကြည်မှုသည် ဝယ်ယူမှုဆုံးဖြတ်ချက်များချရာတွင် ခိုင်မာ‌သောအမှတ်တံဆိပ်အမည်သည် အဓိကကျသောအချက်ဖြစ်သည်။ ရှေးယခင် မြန်မာနိုင်ငံရှိ စျေးကွက်သည် အသေးစား၊ ရပ်ရွာအခြေပြု စီးပွားရေးလုပ်ငန်းများနှင့် ဒေသတွင်းကုန်သွယ်မှုများထင်ရှားလာခြင်းကြောင့် ယင်းစျေးကွက်သည် ယုံကြည်မှုအပေါ် ကြီးမားစွာမှီခိုအားထားခဲ့သည်။ ကုန်အမှတ်တံဆိပ်အမည်များသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယုံကြည်မှုတည် ဆောက်ရန်အတွက် ဖြတ်လမ်းတစ်ခုအဖြစ်ဆောင်ရွက်သည်။ စားသုံးသူများသည် အရည်အသွေး၊ ယုံကြည်စိတ်ချရမှုနှင့် တသမတ်တည်းတန်ဖိုးတို့နှင့်ဆက်စပ်နေသည့် လူသိများပြီး ဂုဏ်သိက္ခာရှိသော အမှတ်တံဆိပ်တစ်ခုမှ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများကိုဝယ်ယူရန် အလားအလာပိုများပါသည်။
ယုံကြည်စိတ်ချရသော ကုန်အမှတ်တံဆိပ်အမည်တစ်ခုသည် စားသုံးသူ (သို့မဟုတ်) သုံးစွဲသူများအား ဘေးကင်းပြီး အသိပေးသည့် ရွေးချယ်မှုတစ်ခုကိုပြုလုပ်နေကြောင်း အာမခံချက် ပေးသည်။ ဥပမာအားဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းကုန်အမှတ်တံဆိပ်များယှဉ်ပြိုင်ရာ နည်းပညာနှင့် အီလက်ထရွန်းနစ်ကဏ္ဍများတွင် အသိအမှတ်ပြု အမှတ်တံဆိပ်အမည်သည် သုံးစွဲသူများ အတုအပ သို့မဟုတ် အရည်အသွေးနိမ့်သော ကုန်ပစ္စည်းများကိုသတိထားရန် ဆုံးဖြတ်သည့်အချက်ဖြစ်နိုင်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာမိတ်ဖက်များဆွဲဆောင်ရာ၌ ခိုင်မာသောအမှတ်တံဆိပ်အမည်သည် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများတွင် မြန်မာ့စီးပွားရေးလုပ်ငန်းများ တိုးတက်မှုအတွက် တိုးတက်မှုအတိုင်းအတာပေးနိုင်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများသည် ဈေးကွက်တွင် ခြေကုပ်ယူထားပြီးဖြစ်သော ပြည်တွင်းအမှတ်တံဆိပ်များနှင့် ဖက်စပ်လုပ်ကိုင်ရန် ပိုမိုစိတ်ဝင်စားလာကြသည်။ ယုံကြည်စိတ်ချရသော ပြည်တွင်းလုပ်ဖော်ကိုင်ဖက်များကိုရှာဖွေနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အားထားရာတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရသော အမှတ်တံဆိပ်သည် ၎င်းတို့အား မြန်မာ့စျေးကွက်၏ ထူးခြားသောရွေ့ပြောင်းမှုကို လမ်းညွှန်နိုင်ရန် ကူညီပေးနိုင်ပါသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အရှိန်မြှင့်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုပိုမိုဆွဲဆောင်ရန် ကြိုးပမ်းလုပ်ဆောင်နေချိန်တွင် အသိအမှတ်ပြု အမှတ်တံဆိပ်အမည်များဖြင့် နိုင်ငံတကာဈေးကွက်များသို့ချဲ့ထွင်ခြင်းဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းဆောင်ရည်နှင့် စွမ်းဆောင်မှုအားသာချက်များရရှိနိုင်မည်ဖြစ်ကြောင်း မျှဝေလိုက်ရပါသည်။
Reference ; The importance of brand name in the marketplace in 2024
DOCA(ရန်ကုန်)