Main menu

ဆေးဘက်ဝင်မာလကာသီးအကြောင်း

Powered by Drupal
Mon, 11/18/2024 - 14:51 -- consumer_admin

       လူသားများ နေ့စဉ်စားသုံးနေကြသော အစားအစာများထဲတွင် ဆေးဘက်ဝင်အသီးအနှံများ၊  စိမ်းစိုလတ်ဆတ်သော အသီးများသာမက အရည်ရွှမ်းသောအသီးများသည်လည်း လူသားများ၏ ကျန်းမာရေးကိုအကျိုးပြုပါသည်။ အသီးတစ်မျိုးစီတိုင်းတွင် မတူညီကွဲပြားသော အကျိုးအာနိသင်များ များစွာပါရှိပြီး အကျိုးရှိစွာမှီဝဲသုံးဆောင်ပါက လူသားတိုင်းအတွက် များစွာအကျိုးဖြစ်ထွန်းလှပါသည်။ ဆေးဘက်ဝင်သောအသီးအနှံများ များစွာရှိသည့်အနက် ကျန်းမာရေးကို ဘက်ပေါင်းစုံမှ အကျိုးပြုသော မာလကာသီးအကြောင်းကို တင်ပြလိုပါသည်။

      မာလကာပင်သည် လမ်းဘေးဝဲယာပတ်ဝန်းကျင်တွင် အလေ့ကျစွာပေါက်ရောက်သလို အိမ်ခြံဝန်းထဲတွင်လည်း အလွယ်တကူ ပေါက်ရောက်သော အပင်တစ်မျိုး ဖြစ်ပါသည်။ ထို့အပြင် သစ်သီးဝလံဆိုင်များ၊ ဈေးများ၌လည်းအလွယ်တကူဝယ်ယူစားသုံးနိုင်ပါသည်။  မာလကာသီးသည် ရာသီ အကူးအပြောင်းတွင်လူသားတို့အဖြစ်များတတ်သော အအေးမိခြင်း၊ နှာစေးခြင်း၊ချောင်းဆိုးခြင်း  စသည့်ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်သည့် ထူးခြားသောအကျိုးအာနိသင်များစွာလဲပါဝင်ပါသည်။ မာလကာသီးတွင် ဗီတာမင်၊ ပရိုတိန်းနှင့် အာဟာရဓာတ်များစွာပါရှိပြီး ကိုယ်အလေးချိန် တက်စေသော ကိုလက်စထရောဓာတ်မပါရှိခြင်းကြောင့် ကိုယ်အလေးချိန်လျော့ကျစေနိုင်ပါသည်။ မာလကာသီးတွင် ဗီတာမင်- C ၊ ဗီတာမင် A ၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ကယ်လ်စီယမ်တို့ပါဝင်သောကြောင့် အမြင်အာရုံကောင်းစေပြီးဗီတာမင်စီချို့တဲ့ရောဂါအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ မာလကာသီးတွင် ကင်ဆာဆဲလ်များကိုတားဆီးပေးပြီး၊ ကင်ဆာဆဲလ်ဖြစ်ပေါ်မှုကို ဖြေရှင်းပေးနိုင်သော Iycopene ပါဝင်မှုကြောင့် ဆီးကျိတ်ကင်ဆာနှင့် ရင်သား ကင်ဆာကိုလည်း တားဆီးပေးနိုင်တယ်လို့ သိရှိရပါတယ်။ မာလကာပင်သည် အသီးသာမက အရွက်ပါဆေးဘက်ဝင်သော အပင် တစ်မျိုးဖြစ်ပါသည်။ မာလကာရွက်တွင် သွေးတွင်းသကြားဓာတ် ကိုကျဆင်းစေနိုင်သော အာနိသင် ရှိပါသည်။ သုတေသနတစ်ခုတွင်ဖော်ပြထားချက်အရ အစာစားပြီး မာလကာရွက်ခြောက်ကို ရေနွေးနှင့်ပုံမှန်သောက်ပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ်ကိုတက်မလာ အောင် ထိန်းထားပေးနိုင်တယ် လို့ ဆိုပါတယ်။ သို့သော်ဘယ်အရာတွင်မဆိုအကောင်းနှင့်အဆိုး ဒွန်တွဲနေတတ်သော သဘောတရားရှိခြင်းကြောင့် ဆိုးကျိုးများလဲရှိပါသည်။ မာလကာသီးတွင် စားလို့ မရသောအစေ့လေးများပါရှိပါတယ်။ ထိုအစေ့များအားစားမိလျှင် အစာမချေဖျက်နိုင်မှုကြောင့် အူလမ်းကြောင်းတွင် ပိတ်မိပြီး အူအတက်ရောင်ရမ်းစေနိုင်ကာ ပိုမိုဆိုးဝါးလာပါက အူအတက်ဖြတ်ထုတ်နိုင်ရသည်အထိ လူကိုဒုက္ခပေးနိုင်သော ဆိုးကျိုးလဲရှိပါသည်။သို့သော် အစေ့များဂရုတစိုက်ဖယ်ပြီး စားသုံးပါကအကျိုးအာနိသင်များစွာရှိသော အသီးအနှံဖြစ်ခြင်းကြောင့် လူသားတို့စားသုံးသင့်သော အသီးတစ်မျိုးဖြစ်သည်ဟု တင်ပြလိုက်ရပါသည်။

DOCA(ဧရာဝတီ)