အလှကုန်ပစ္စည်းပဲဖြစ်ဖြစ်၊ အိမ်မှာ အလွယ်တကူ အသားအရေထိန်းသိမ်းဖို့အတွက်ပဲဖြစ်ဖြစ်၊ အလှအပလိုက်စားတဲ့သူတွေကြားမှာ ရေပန်းစားသောပစ္စည်းမှာ သခွားသီးဖြစ်ပါသည်။ ကိုယ်ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်နဲ့ သတ္တုဓာတ်များအပြင် ရေဓာတ်ကိုပါဖြည့်တင်းပေးနိုင်ပါတယ်။ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စားလို့လည်းရသလို အလှအပ ဆိုင်ရာအတွက်လည်းအသုံးပြုနိုင်ပါသည်။ သခွားသီး၏ အကျိုးပြုပုံမှာ-
၁။ ထမင်းစားနေချိန်မှာ သခွားသီးရောစားပေးခြင်းဖြင့် အအီအစိမ့်ပြေစေခြင်း၊ အစာကြေစေခြင်း၊ ရေဓာတ်ကို ပြန်လည်ဖြည့်ပေးခြင်းအပြင် မုန့်ပဲသားရေစာအဖြစ်လည်း သစ်သီးဝလံ တွေအပြင် သခွားသီးကိုပါရော၍ စားပေးနိုင်ပါသည်။
၂။ သခွားသီးအပြင်ခွံကိုလှီးပြီး ရေနဲ့ရောကြိတ်ပါ၍ သံပရာရည်အနည်းငယ်ရောမွှေပြီး မျက်နှာကိုသုတ်လိမ်းပေးခြင်းဖြင့် ဖြူစင်ဝင်းပလာစေနိုင်ပါသည်။ နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးပြီး အရောင်မှိန်လာတဲ့အသားအရေကို ပြန်လည်ပြုပြင်ပေးပါသည်။
၃။ သခွားသီးကို ရေခဲသေတ္တာထဲမှာ အအေးခံထားပြီး ပါးပါးလှီး၍ သခွားသီးစိတ်လေးတွေကို မျက်နှာနေရာအနှံ့ကပ်ပေးထားခြင်းဖြင့် အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ချွေးပေါက်ထဲမှာ ပိတ်ငြိနေတဲ့ ဆီ၊ ဖုန်နဲ့ အညစ်အကြေးတွေကိုစုပ်ယူပေးနိုင်ပါသည်။
၄။ မှဲ့ခြောက်တွေ၊ ဝက်ခြံနဲ့ အဖုအပိမ့်တွေပျောက်ကင်းစေဖို့ ဒိန်ချဉ်နဲ့ သခွားသီးအရည်ကိုရောမွှေပြီး မျက်နှာပေါ်သုတ်လိမ်းပေးနိုင်ပါသည်။ အသားအရေခြောက်သူတွေအတွက်လည်း အထူးသင့်လျော်ပါသည်။
၅။ သခွားသီးကို ပျားရည်နဲ့ရောကြိတ်ပြီး ရလာတဲ့အနှစ်ကို မျက်နှာနဲ့ ကိုယ်ခန္ဓါအနှံ့ ၁၅မိနစ်ခန့်အုပ်ထားပြီးရင် ရေအေးနဲ့ပြန်သန့်စင်ပေးပါက အသားအရေကို အစိုဓာတ်ထိန်းပေး၍ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျစေနိုင်ပါသည်။
DOCA(ပဲခူး)