Main menu

မုန်လာဥနီနှင့် ကျန်းမာ‌ရေးကောင်းကျိုးများ

Powered by Drupal
Wed, 11/27/2024 - 10:33 -- consumer_admin

        မုန်လာဥနီသည် လူကို ကောင်းကျိုးများစွာ‌ပေးနိုင်သော ဟင်းသီးဟင်းရွက်အမျိုးအစားများအနက် တစ်မျိုးဖြစ်ပါသည်။ မုန်လာဥနီ၏အရောင်မှာ အနီရောင်ဖြစ်ပြီး အရသာမှာ ချိုပါသည်။ မုန်လာဥနီကို တို့စရာအဖြစ်လည်းကောင်း၊ ကြော်စားခြင်းနှင့် သုပ်စားခြင်းအပြင် ဖျော်ရည်အဖြစ်လည်းကောင်း အမျိုးမျိုးပြုလုပ်စားသုံးနိုင်ပါသည်။

         မုန်လာဥနီတွင် ကာဘိုဟိုက်ဒရိတ်၊ ဆယ်လူလို့စ်၊ ဗီတာမင်အေ၊ ဘီ၊ စီ၊ ကယ်လ်ဆီယံဓာတ်၊ သံဓာတ်၊ ဘီတာကယ်ရိုတင်းဓာတ်များ ကြွယ်ဝစွာပါဝင်ပါသည်။ မုန်လာဥနီတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကိုမဖြစ်စေဘဲ ဝမ်းမှန်စေပါသည်။ ထို့ကြောင့် အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါသည်။ မုန်လာဥနီကို မကြာခဏပုံမှန်စားသုံးပါက သွေးတွင်းကိုလက်စထရောကို လျော့နည်းလာစေနိုင်ပါသည်။ ထို့ကြောင့် အဆီများ၍ နှလုံးသွေးကြောကျဥ်းခြင်း၊ အသည်းအဆီဖုံးခြင်းဖြစ်ပွားမှုကိုလျော့နည်းစေနိုင်ပါသည်။ သွေးတိုးရောဂါရှိသူများနှင့် သွေးအားနည်းရောဂါရှိသူများ ပို၍စားသုံးသင့်ပါသည်။

        မုန်လာဥနီတွင် ဘီတာကယ်ရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် မျက်စိအမြင်အာရုံကြည်လင်စေရန် များစွာအထောက်အကူပြုပါသည်။ ကြက်မျက်သင့်ရောဂါခံစားနေရသူများ၊ ကွန်ပျူတာနှင့် အလုပ်လုပ်နေရသူများအနေဖြင့် မုန်လာဥနီကို များများစားသုံးပေးသင့်ပါသည်။ ဗီတာမင်စီလည်း ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး အအေးမိခြင်း၊ ရောဂါပိုးအလွယ်တကူဝင်ရောက်ခြင်းများမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ထားဝယ်မြို့တွင် မုန်လာဥနီတစ်ကီလိုလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)