Main menu

မျောက်ငိုသီးနှင့် ကျန်းမာရေး

Powered by Drupal
Tue, 12/03/2024 - 13:36 -- consumer_admin

    မျောက်ငိုသီးမှာ အစိမ်းရောင်ရှိပြီး ပဲကြီးစေ့အရွယ်နီးပါးရှိကြသည်။ပဲမျိုးရင်းဝင်အုပ်စု “Fabaceae” တွင် ပါဝင်ကြပြီး အင်္ဂလိပ်လို Stink bean or Bitter bean ဟုခေါ်ဆိုကြသည်။ မျောက်ငိုသီးကို တချို့ဒေသတွင် “သစ်လိမ်သီး၊သစ်ကဇော်’’ စသဖြင့်လည်း ခေါ်ဝေါ်ကြသည်။ မျောက်ငိုပင်သည် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ချင်းပြည်နယ်တွင် အများအပြားပေါက်ရောက်ကြသည်။

    မျောက်ငိုသီးမှာ ဒညင်းသီးအနံ့ အရသာဆင်တူပြီး နှစ်သက်သူတွေက သူ့အရသာကိုစွဲလန်းကြသည်ဟု သိရသည်။ဒညင်းသီးအစားထိုး အသီးအနှံတစ်မျိုးအနေဖြင့်လည်းစားသုံးကြပြီး အရသာမှာ ဒညင်းသီးနုနုလေးတွေကိုစားရသလို ထုတ်ထုတ်လေးဖြစ်သည်။မျောက်ငိုသီးကို ဒညင်းသီးကဲ့သို့ ကြော်စား/ဆားရည်စိမ်တို့စရာအနေဖြင့် စားကြသလို အသားနှင့်ကြော်စားခြင်း၊ခရမ်းချဥ်သီး၊ငါးပိတို့ဖြင့် ရောနှောချက်စားခြင်းသာမက မျောက်ငိုသီးထမင်းကြော်ပြုလုပ်၍လည်း စားသုံးကြပါသည်။

   မျောက်ငိုသီးတွင် အသားဓါတ်(Protein)ကြွယ်၀စွာပါဝင်သောကြောင့် လူ့ခန္ဓာကိုယ်ထဲက မကောင်းတဲ့ကိုယ်လက်စထရောဓါတ်ရရှိစေခြင်း ၊အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်သဖြင့် အစာချေစနစ်ကို ကောင်းမွန်စေ၍ ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးခြင်း၊Vitamin-A ကြွယ်ဝစွာပါ်ဝင်သဖြင့် အမြင်အာရုံ ကောင်းမွန်စေခြင်း၊ သွေးတွင်းသကြားဓါတ်ကို ထိန်းနိုင်တဲ့အစွမ်းသတ္တိပါဝင်သဖြင့်ဆီးချိုဖြစ်ပွားမှုကို ထိန်းပေးနိုင်ခြင်း၊ Magnesiun ဓါတ်ကြွယ်ဝစွာပါဝင်သဖြင့်  စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေခြင်း၊သံဓါတ် Iron ကြွယ်ဝစွာပါဝင်သဖြင့် သွေးအားကောင်းစေပြီး၊ သံဓါတ်မလုံလောက်ရာတွင် ဖြစ်ပေါ်တတ်သောမောပန်းလွယ်ခြင်း၊ စိတ်ရောကိုယ်ပါ အားကုန်စေခြင်းများကို ကာကွယ်ပေးနိုင်ခြင်း၊Phenolic ဒြပ်ပေါင်းကြွယ်ဝသဖြင့် Bacteria ကို သေစေပြီး ရောဂါပိုးဝင်ခြင်းကို ကာကွယ်နိုင်တဲ့အစွမ်းနှင့် ဓါတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်ပါသည်။ ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပါသည်။

          မျောက်ငိုသီးမှာ ကျန်းမာရေးအကျိုးကျေးဇူးများပြားတယ်ဆိုပြီး တစ်ကြိမ်တည်းအများအပြား စားသုံးရန် မသင့်ပေ။Amino Acid ပါဝင်မှုများလို့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါသည်။ဘေးထွက်ဆိုးကျိုးနည်းအောင် ကြိုတင်ဂရုစိုက်သည့်အနေဖြင့်  မျောက်ငိုသီးကို ရေစိမ်ပြီးမှ ချက်ပြုတ်သင့်ပါသည်။ကျန်းမာရေးအတွက် အလွန်သင့်တော်လှသည့် မျောက်ငိုသီးကို ပုံမှန်စားလျှင် ဆရာဝန်နှင့်ကင်းဝေးတယ်လို့ဆိုကြောင်း ရေးသားလိုက်ရပါသည်။

DOCA(တနင်္သာရီ)