Main menu

နဂါးမောက်သီး၏ ကောင်းကျိုးများ

Powered by Drupal
Tue, 12/03/2024 - 13:47 -- consumer_admin

    နဂါးမောက်ပင်ကို  အရှေ့တောင်အာရှနိုင်ငံများအပါအဝင် အပူပိုင်းဒေသများမှာ စိုက်ပျိုးကြသည်။နဂါးမောက်သီး၏ အရသာထူးခြားပြီး ကျန်းမာရေးအတွက်အကျိုးပြုကြောင်း သိရှိလာတာနဲ့အမျှ စိုက်ပျိုးစားသုံးသူပိုမိုမြင့်တက်လာပါသည်။ရေစိမ့်မှုကောင်းသော သဘာဝမြေဆွေးများစွာ ပါ၀င်သော နှုန်းမြေ၊မီးသင့်ကျောက်မြေ၊ဂဝံမြေ၊မြေနီများတွင်ကောင်းစွာဖြစ်ထွန်းသည်။မြေစေးတွင် အပင်ဖြစ်ထွန်းမှုနှေးကွေးပြီး အသီးသီးမှုနောက်ကျသည်။အဓိက စိုက်ပျိုးလျက်ရှိသော  နဂါးမောက်မျိုးများမှာ အတွင်းသားအဖြူမျိုးနှင့် အတွင်းသားအနီမျိုး တို့ဖြစ်သည်။

          နဂါးမောက်သီးကို အချိုပွဲအနေဖြင့် စားသုံးနိုင်သလိုဖျော်ရည်လုပ်သောက်၍လည်းရပါသည်။ နဂါးမောက်သီးမှာ သံဓာတ်၊မဂ္ဂနီဆီယမ်နှင့် အမျှင်ဓာတ်စတဲ့ အာဟာရဓာတ်များစွာပါဝင်ပါသည်။ နဂါးမောက်သီးမှာ အမျှင်ဓါတ်နှင့် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် အသားရေခြောက်သွေ့ပျက်စီးခြင်းကို ကာကွယ်ပေးပြီး အသားအရေကို တင်းရင်းလှပစေမယ့်  ကော်လဂျင်တွေ ထွက်လာအောင် လှုံဆော်ပေးနိုင်ပါသည်။ကိုလက်စထရောကို ကျဆင်းစေပြီး သွေးတိုးရောဂါနှင့်အခြား နှလုံးနဲ့ ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေပါသည်။

          နဂါးမောက်သီးမှာ ပါဝင်တဲ့အမျှင်ဓါတ်များမှ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး နာတာရှည် ရောဂါခံစားနေရသူများ၊ အသားအရေစိုပြည်လှပလိုသူများ၊ နှလုံး၊သွေးတိုး၊ ဆီးချိုရောဂါနှင့် အစာအိမ်အူလမ်းကြောင်း ပြဿနာရှိသူများ ရွေးချယ်စားသုံးသင့်တဲ့ အသီးအနှံ တစ်မျိုးဖြစ်ပါသည်။   ကျန်းမာရေး အကျိုးများစွာရရှိတဲ့ နဂါးမောက်သီးကို စားသုံးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(တနင်္သာရီ)