Main menu

ကော်ဖီ တခွက်မှာ ပါဝင်သော ကောင်းမွန်သည့် အချက် ၅ ချက်

Powered by Drupal
Fri, 02/21/2025 - 13:13 -- consumer_admin

သင်ဟာ ကော်ဖီကို နှစ်ခြိုက်စွာ သောက်သုံးတတ်သူလား။ တနေ့ကို အနည်းဆုံး ကော်ဖီ တခွက်လောက် မသောက်ရရင် နေသာထိုင်သာ မရှိဘူးလို့ ခံစားရပါသလား။

တန်ဆေးလွန်ဘေး ဆိုသလို ကော်ဖီကို တနေ့တည်း အများကြီး သောက်တာ မကောင်းဘူး ဆိုပေမယ့် အလုပ်များတတ်တဲ့သူတွေအတွက် ကော်ဖီက အဖော်မွန်ကောင်းပါပဲ။ ကော်ဖီချစ်သူတွေအတွက် ကော်ဖီမှာ ဘယ်လိုကောင်းကျိုးတွေ ရှိလဲဆိုတာ ဗဟုသုတအနေနဲ့ သိနိုင်အောင် ရေးသားဖော်ပြလိုက်ပါတယ်။

(၁) ကော်ဖီက သင့်ကို စမတ် ပိုကျစေတယ်

ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က သင့်ရဲ့ လတ်တလော ခံစားမှုကို အပြောင်းအလဲ ဖြစ်စေသလို၊ ပြန်လည်တုံ့ပြန်မှုနဲ့ မှတ်ဉာဏ်အတွက်လည်း ကောင်းမွန်တဲ့ အကျိုးကျေးဇူး ပေးတာကြောင့် သင်ဟာ အခြားသူထက် အလုပ်လုပ်တဲ့နေရာမှာ ပိုစမတ်ကျစေမှာပါ။

(၂) အဆီကို လောင်ကျွမ်းစေတယ်

ကဖင်းဓာတ်က ဇီဝကမ္မ ဖြစ်ပျက်မှုနဲ့ ဖက်တီးအက်ဆစ် ဓာတ်ပြုမှုကို မြင့်တက်စေပါတယ်။ သင့်ရဲ့အားကစား စွမ်းရည်ကိုလည်း မြင့်တက်စေပါတယ်။ ကော်ဖီသောက်တဲ့သူတွေက အားကစား လုပ်တဲ့အခါ ၁၂ ရာခိုင်နှုန်းလောက် အခြားသူထက် ပိုလုပ်နိုင်ပါတယ်တဲ့။

(၃) ဆီးချို လျော့ကျစေတယ်

ဆီးချိုက သွေးထဲမှာ သကြားဓာတ် မြင့်တက်လာတာကြောင့် ဖြစ်ပြီး လေ့လာ တွေ့ရှိချက်တွေအရ ကော်ဖီက ဆီးချိုရောဂါနဲ့ ဆက်စပ်နေပြီး တနေ့ ကော်ဖီတစ်ခွက် သောက်ခြင်းက ဆီးချိုရောဂါ ၇ ရာခိုင်နှုန်းလောက် ကျဆင်းစေပါတယ်။

(၄) အသည်းအတွက် ကောင်းတယ်

Cirrhosis က အရက်သောက်သူတွေနဲ့ အသည်းရောင်သမားတို့အတွက် နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ လေ့လာ တွေ့ရှိချက်တွေအရ ကော်ဖီမှာ Cirrhosis ဖြစ်နိုင်ခြေနှုန်းကို ၈၀ ရာခိုင်နှုန်းအထိ လျော့ကျစေပါတယ်။ အသည်းကင်ဆာ ဖြစ်နိုင်ခြေနှုန်း အတွက်လည်း ၄၀ ရာခိုင်နှုန်းလောက် နည်းပါးစေနိုင်ပါတယ်။

(၅) ကော်ဖီမှာ ဒီလို ဓာတ်တွေလည်း ရှိပါတယ်

ကော်ဖီမှာ ဗီတာမင်နဲ့ အာဟာရဓာတ်တွေလည်း အများကြီး ရှိပါတယ်။ ကော်ဖီ တခွက်မှာ Pantothenic Acid (ဗီတာမင် B5) ၆ ရာခိုင်နှုန်း၊ Riboflavin (ဗီတာမင် B2) ၁၁ ရာခိုင်နှုန်း၊ Niacin (B3) နဲ့ Thiamine (B1) ၂ ရာခိုင်နှုန်း၊ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ၃ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဒါ့အပြင် အင်တီအောက်ဆီးဒင့်ဓာတ်တွေလည်း ပါဝင်ပါသေးတယ်။

 ဒါတွေကတော့ ကော်ဖီ တခွက်ကနေ ရနိုင်တဲ့ကောင်းကျိုးတွေဖြစ်တဲ့အတွက် ကော်ဖီချစ်သူတွေ အတွက် သတင်းကောင်း တပုဒ်အနေနဲ့ မျှဝေ ပေးလိုက်ပါတယ်။

Ref ; healthline.com

DOCA(ရှမ်း)