
ပျဉ်းတော်သိမ်ရွက်ဆိုတာကို သိကြပေမယ့် အကျိုးကျေးဇူးကို သိသူကတော့ ရှားမှာပါ။ ပျဉ်းတော်သိမ်ရွက်သည် အိန္ဒိယဟင်းလျာတွေမှာ မပါမဖြစ်ထည့်သွင်းချက်ပြုတ်လေ့ရှိတဲ့ ဟင်းခတ် အမွှေးအကြိုင်တစ်မျိုးဖြစ်ပါတယ်။ အသားဟင်းတွေ၊ ပဲဟင်းနဲ့ သတ်သတ်လွတ်ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်လေ့ရှိပါတယ်။ ပျဉ်းတော်သိမ်ရွက်က နုစဉ်မှာ စိမ်းဖန့်ဖန့်အရောင်ရှိပြီး ရင့်လာ တဲ့အချိန်မှာ အစိမ်းရောင်ရင့်ရင့်အဖြစ် ပြောင်းလဲလာပါတယ်။ အရွက်နုလေးတွေကို အတို့အမြှုပ် အဖြစ်စားသုံးလေ့ရှိပြီး အရွက်ရင့်တွေကိုတော့ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုပါတယ်။ အပင်ရဲ့ အမြင့်က ၃ မီတာကနေ ၄ မီတာလောက်အထိရှိပါတယ်။ အရသာစူးရှပြီး အနံ့ပြင်းပါတယ်။ ပျဉ်းတော်သိမ်းရွက်က အူသိမ်ရဲ့လုပ်ဆောင်မှုတွေကို တိုးတက်စေပြီး ကင်ဆာကိုလည်း တိုက်ဖျက် ပေးပါတယ်။
ပျဉ်းတော်သိမ်ရွက်ရဲ့အကျိုးကျေးဇူးတွေကတော့ ကျောက်ကပ်ပြဿနာတွေကို ဘေးထွက် ဆိုးကျိုးမရှိဘဲ ဖြေရှင်းပေးပါတယ်။ မိသားစုမှာကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ ကျောက်ကပ် ရောဂါမဖြစ်အာင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပျဉ်းတော်သိမ်ရွက်ကို စားသုံးပေးသင့်ပါတယ်။ ကျောက်ကပ်ရောဂါကင်းဝေးစေဖို့ နေ့စဉ်စားသုံးတဲ့အစားသောက်တွေ ထဲမှာ ပျဉ်းတော်သိမ်ရွက်ကို ထည့်သွင်းစားသုံးပေးသင့်ပါတယ်။
ပျဉ်းတော်သိမ်ရွက်ရဲ့ ကျန်းမာရေးကိုအကျိုးပြုတဲ့ နောက်အချက်တစ်ချက်ကတော့ အစာ မကြေတာ၊ ဆီးချိုနဲ့အခြားအစာအိမ်ပြဿနာတွေ လိုမျိုးဝေဒနာတွေကို လျော့ပါးသက်သာစေတာ ဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရဲ့အရွက်တင်မက အခြားအစိတ်အပိုင်းတွေကလည်း ဆေးဖက်ဝင်ပါ တယ်။ မအီမသာဖြစ်ပြီး အော့အန်တာတွေကိုလည်း ပျဉ်းတော်သိမ်ရွက်က သက်သာစေပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်းတွေလိုမျိုးတွင် ပျဉ်းတော်သိမ်ရွက်ကို ရေနွေးထဲထည့်ပြီးသောက်သုံးပေးမယ်ဆိုရင် သက်သာစေမှာဖြစ်ပါတယ်။
ပျဉ်းတော်သိမ်က ဝမ်းလျှောတာကို သက်သာစေတဲ့ သဘာဝဆေးဖက်ဝင်အပင် တစ်မျိုး ဖြစ်ပါတယ်။ ပျဉ်းတော်သိမ်ရွက်ကို သံပုရာရည်၊ သကြားတို့နဲ့ဖျော်စပ်ပြီးသောက်သုံးမယ်ဆိုရင် အစာမကြေတာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။
နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပျဉ်းတော်သိမ်ရွက်ကို ထည့်သွင်းစားသုံးမယ် ဆိုရင် အမြင်အာရုံကိုကောင်းမွန်စေမှာဖြစ်ပါတယ်။ မျက်စိရေတိမ်မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။ ပျဉ်းတော်သိမ်ရွက်က ဆံပင်ကိုနက်မှောင်သန်စွမ်းစေပြီး ဆံသားကို ကျန်းမာ သန်စွမ်းစေပါတယ်။ အုန်းဆီနဲ့ရောပြီးလူးပေးနိုင်ပါတယ်။ ပျဉ်းတော်သိမ်းရွက်စားသုံး ပေးခြင်းက ကိုယ်တွင်းက မလိုအပ်တဲ့ ကိုလက်စထရောတွေကို ထိန်းချုပ်ပေးပြီး အဆီပိုကင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။
ပျဉ်းတော်သိမ်းရွက်က ဓါတုကုထုံးတို့ကြောင့် ဖြစ်ပေါ်ခံစားရတဲ့ ဆိုးကျိုးတွေကို လျော့နည်း အောင် အထောက်အကူပြုပါတယ်။ ဆီးချိုဝေဒနာသည်တွေအတွက် အထူးသင့်တော်တဲ့ ဆေးဖက် ဝင် အရွက်တစ်မျိုးဖြစ်ပါတယ်။ သွေးတွင်းအချိုဓါတ်ကို ထိန်းညှိပေးပါတယ်။ မနက်စာစားတဲ့အခါ ပျဉ်းတော်သိမ်းရွက်အမှုန့်ကို ထည့်သွင်းစားသုံးပေးတာက ကောင်းမွန်တဲ့ရလဒ်ဖြစ်စေမှာပါ။
ပျဉ်းတော်သိမ်ရွက်မှာ အစာအိမ်အူလမ်းကြောင်းတွေကိုကောင်းမွန်စေပြီး အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ ပျဉ်းတော်သိမ်ရွက်မှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို သေစေ နိုင်တဲ့ ထိရောက်တဲ့အာနိသင်ရှိပါတယ်။ ပျဉ်းတော်သိမ်ရွက်အဆီကို ပဋိဇီဝဆေးတွေမှာ ထည့်သွင်း အသုံးပြုပါတယ်။ အသည်းက အစာခြေစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတာကြောင့် အသည်းကျန်းမာဖို့ကအရေးကြီးပါတယ်။ အသည်းကို ထိခိုက်ပျက်စီးမှုတွေနဲ့ ကူးစက်ရောဂါပိုး တွေကြောင့် ထိခိုက်ပျက်စီးမှုတွေကနေ ကာကွယ်ဖို့ကလည်း အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုပါ။ အသည်းရောင်အသားဝါရောဂါ၊ အသည်းရွတ်နာတို့လိုမျိုး အသည်းရောဂါတွေမဖြစ်အောင် ကာကွယ် ရာမှာလည်း အထောက်အကူပြုပါတယ်။
ပျဉ်းတော်သိမ်ရွက်က အရေပြားထိန်းသိမ်းရာမှာလည်း အထောက်အကူပြုပါတယ်။ ပျဉ်းတော်သိမ်း အရွက်ကိုကြိတ်ထားတဲ့အနှစ်ကို အပူလောင်နာ၊ ပြတ်ရှဒဏ်ရာ၊ အရေပြားပေါ်မှာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အင်းဆက်ပိုးမွှားတွေကိုက်တဲ့ ဒဏ်ရာတွေပေါ်မှာ အသုံးပြုပေးမယ်ဆိုရင် အနာကျက်မြန်မြန်ကျက်စေမှာဖြစ်သလို အနာကိုပိုးမဝင်အောင်လည်း အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
DOCA(မန္တလေး)