Main menu

ခရမ်းကြွပ်သီးနှင့်ကျန်းမာရေး

Powered by Drupal
Mon, 04/28/2025 - 12:27 -- consumer_admin

    မြင်းခြံမြို့၊ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ခရမ်းကြွပ်သီးများကိုစိုက်ပျိုးကြပြီး အေးမြသီတာဈေးတွင် လာရောက်ရောင်းချလျက်ရှိသည်။ ခရမ်းကြွပ်သီးကို ငပိရည်နှင့်တွဲဖက်၍ အတို့အမြှုပ်အဖြစ်လည်းစားသုံးကြသည်။ ခရမ်းကြွပ်သီးသည် အရောင်အသွေးလှယုံတင်မကပဲ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးသည်။ အစိမ်းရောင်၊ အဖြူရောင်နှင့်ခရမ်း ရောင်ဟူ၍အရောင်အမျိုးမျိုးရှိရာ ထိုင်းအစားအစာများတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုကြသည်။ ခရမ်းကြွပ်သီးတွင် ကယ်လ်လိုရီဓာတ်၊ အဆီဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင်အေ၊ ဗီတာမင်စီတို့ပါဝင်သည်။ ခရမ်းကြွပ်သီးသည် အရေပြားကိုလှပစေခြင်း၊ သွေးတိုးသက်သာစေခြင်း၊ ဆီးချိုဖြစ်နိုင်ခြေကိုလျှော့ချပေးခြင်း၊ အစာခြေစနစ်ကိုကောင်းမွန် စေခြင်း၊ ကိုယ်ခံအားကျန်းမာစေခြင်းစသည့်ကျန်းမာရေးအထောက်အပံ့များစွာ ရရှိစေသည်။ ထိုသို့ ကောင်းကျိုးများသော ခရမ်းကြွပ်သီးကို မြင်းခြံမြို့ရှိ ကုန်စိမ်းရောင်းသည့်ဆိုင်များတွင် (၁)ပိဿာ လျှင်(၅၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

DOCA(မန္တလေး)