သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ကျောက်ဖရုံသီးနှင့် ဘူးသီး

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ကျောက်ဖရုံပင်နှင့် ဘူးပင်များကို တစ်နိင်တစ်ပိုင် စိုက်ပျိုးထားသည့်အပြင် စီးပွားဖြစ် စိုက်ပျိုးသူများလည်း ရှိကြောင်း သိရသည်။ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ကျောက်ဖရုံသီးဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ မေလ တတိယ ပတ်အတွင်း အလုံးကြီး(၁)လုံးလျှင် ၃၇၀၀ကျပ်၊ အလုံးသေး(၁)လုံးလျှင် ၂၈၀၀ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း၊ ဘူးသီးဈေးနှုန်းများအနေဖြင့် အလုံးကြီး(၁)လုံးလျှင် ၂၅၀၀ကျပ်၊ အလုံးသေး (၁)လုံးလျှင် ၂၀၀၀ကျပ်နှင့် ဘူးသီး(၁)စိတ်လျှင် ၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း   သိရှိရ သည်။

DOCA(စစ်ကိုင်း)