အောက်တိုဘာလ(တတိယပတ်)တွင် ဈေးတက်နေသောပခုက္ကူကြက်သွန်နီ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက် ရှိပါသည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံချောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင့် ယခုတစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၃၅၀၀၀)ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ကြက်သွန်နီဈေးနှုန်းသည် အမြင့်ဈေးတန်းတစ်ခု ကို ရောက်ရှိနေပြီးဖြစ်ကြောင်း ဈေးသည်များနှင့် ကြက်သွန်နီကုန်သည်များထံမှ သိရှိရပါသည်။ ယခု (တတိယပတ်)တွင် ကြက်သွန်နီ ဒိုင်ပြတ်ဈေးမှာ ကြက်သွန်နီ အလုံးအရွယ်အစားကိုလိုက်၍ ထိပ်စ တစ်ပိဿာလျှင်ကျပ် (၉၈၀၀)၊အလတ်စ တစ်ပိဿာလျှင်ကျပ် (၉၀၀၀) ၊အနိမ့်စတစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဖြစ်ပြီး ယခင်စက်တင်ဘာလတွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းများမှာ ထိပ်စ တစ်ပိဿာလျှင်ကျပ် (၈၅၀၀)၊ အလတ်စ တစ်ပိဿာလျှင်ကျပ် (၇၅၀၀) ၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၆၀၀၀)ဈေးဖြစ်၍ ယခုတစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင်ကျပ် (၁၃၀၀)ခန့်ဈေး တက်နေ ကြောင်း ကုန်သည်များထံမှသိရှိရပါသည်။ ထိုသို့ဈေးတက်ရခြင်းမှာ ဆောင်းစိုက် ကြက်သွန်နီလက်ကျန် နည်းပါးလာခြင်းနှင့် ပြည်တွင်းဝယ်လက်များမှ အဝယ်လိုက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ကုန်သည်များ ထံမှသိရှိရပါသည်။ ကြက်သွန်နီ တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းတွင် ယခင်ကထက် ပိုမိုတင်ပို့ များလာသည်လည်း သိရှိရပါသည်။
ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရောင်းချနေသော ကြက်သွန်နီ လက်လီဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊အလတ်စ တစ်ပိဿာလျှင် ကျပ်(၁၀၀၀) ၊အနိမ့်စ တစ်ပိဿာလျှင် ကျပ်(၈၀၀၀)ဈေးဖြင့် ရောင်းချနေကြောင်း၊ စားသုံးသူများအနေဖြင့် ယခင်က အိမ်ထောင်စု(၁)စုလျှင် (၁)ပိဿာမှ(၃)ပိဿာထိ ဝယ်ယူစားသုံးကြပြီး ယခုအချိန်တွင် ဝယ်ယူစားသုံးမှု နည်းသွားကြောင်း ဈေးသည်များထံမှသိရှိရပါသည်။
DOCA(မကွေး)

















