အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း
စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (စစ်ဆေးရေးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိ တို့ကို ၃၀.၁၀.၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဘုရားလမ်း၊ ရန်အောင်(၂)ရပ်ကွက်၊ ပျဉ်းမနားမြို့ရှိ “ Craft By Annt ” ဖန်စီပစ္စည်းများ၊ လက်မှုပစ္စည်းများလုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များမေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး ခြင်း၊ အွန်လိုင်းမှတ်ပုံတင်လက်မှတ်၏ သက်တမ်းမှာ(၂)နှစ်ဖြစ်ပြီး (၆၀ နှစ်မပြည့်မီ ရက်ပေါင်း ကြိုတင် သက်တမ်းတိုးရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက် မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၏ လုပ်ငန်းတာဝန်ဖောက်ဖျက်မှုမရှိစေရန်၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချခြင်း မပြုရန်နှင့် အွန်လိုင်းဖြင့်ရောင်းချပြီး အွန်လိုင်းမှတ်ပုံတင်ထားခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့်ပတ်သက်၍လည်းကောင်း တရားမဝင် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)

















