မြန်မာ့ရိုးရာစားစရာမုန့်ဆန်းဈေးနှုန်း

    ကရင်ပြည်နယ်အတွင်း ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် မြန်မာ့ရိုးရာ မုန့်ဆန်း (ကောက် ညှင်းမုန့်ဆန်း)များမှာ ဒေသတွင်းသာမက ပြည်နယ်အပြင်ဘက်သို့ပါ ဈေးကွက်ထိုးဖောက်လျက် ရှိသည်။ ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့မြို့နယ်များဘက်တွင် ကောက်ညှင်းစပါး များကို အဓိကထား စိုက်ပျိုးကြပြီး ရိုးရာမုန့်ဆန်းများကို မိရိုးဖလာနည်းအတိုင်း မောင်ညိုမဖြစ် တဖြစ်ရိတ်ထားသော ကောင်ညှင်းကို တုတ်ဖြင့်ရိုက်ချွေပြီး ရလာသောကောင်ညှင်းကို ဒယ်အိုးဖြင့် ဆယ်မိနစ်ခန့်လှော်ပေးရသည်။ လှော်ထားသော ကောင်ညှင်းဆန်ပူပူကို ဆုံတွင်ထည့်ထောင်းပေးရ မည်။ ရရှိလာသောမုန့်ဆန်းပြားကို ဆန်ကွဲနှင့် အမှိုက်များစင်အောင် စကောဖြင့် ပြာပေးရပါသည်။ ပြီးလျှင် မုန့်ဆန်းများရပြီးဖြစ်သည်။ မုန့်ဆန်းကို အုန်းသီး၊ သကြား၊ ဆားအနည်းငယ်ဖြင့် ရောနယ်ပြီး ဆွမ်းတော်ကပ်ခြင်း၊ ဦးရှင်ကြီးတင်ခြင်းများကို မုန့်ဆန်းဖြင့် ဆက်ကပ်ပူဇော်လေ့ရှိကြသည်။ လက် ရှိတွင် ဘားအံမြို့ပေါ်ရှိရေပေါ်ဈေးတွင် ကရင်ပြည်နယ် ဒေသထွက် မုန့်ဆန်းဈေးနှုန်းများမှာ တစ်ဘူးလျှင် (၁၈၀၀၊၂၀၀၀)ကျပ်နှင့် တစ်ပြည်လျှင် (၁၀၀၀၀၊၁၂၀၀၀)ကျပ်ဝန်းကျင်ခန့်အထိ ရှိကြောင်း ဒေသခံ မုန့်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ 

DOCA(ကရင်)