ဈေးကွက်မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊နတ်တလင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား များပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်မရောက်မီ ကုန်စည်နှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျှက်ရှိရာ နတ်တလင်း ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဇီးကုန်းမြို့နယ်တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာ ဝန်ခံ တို့သည် (၅.၁၀.၂၀၂၆) ရက်နေ့၊ နံနက်(၉:၀၀)နာရီ အချိန်တွင် ဇီးကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဂုံးလမ်းရှိ ဌေးလင်းမြိုင် ပေါင်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့် ဖြူးရောင်းချသည့်လုပ်ငန်းအားဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ပေါင်မုန့်အမျိုးမျိုးတွင် ကုန်စည်များ၏ အမည်၊ အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို သိသာထင်ရှားစွာဖော်ပြရန် စီးပွားရေးလုပ်ငန်းရှင်အား အသိပညာပေး ဆွေးနွေး ခဲ့ပါသည်။
DOCA(ပဲခူး)

















