Languages

Main menu

မြိတ်မြို့‌ပေါ်ရှိဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် မှုခင်းတပ်ဖွဲ့ဝင်များ၊ မြိတ်ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ ဝင်များဖြစ်သော ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍  (၄.၃.၂၀၂၀)ရက်‌နေ့မှ (၁၀.၃.၂၀၂၀)ရက်နေ့ထိ မြိတ်မြို့ပေါ်ရှိ ဆေးဆိုင်များအား အင်တာဗိုလ်(၁၃) ကြိမ်မြောက် တရားမဝင်ဆေးဝါးများနှင့် ဆေးဝါးတုတိုက်ဖျက်ရေးဆိုင်ရာ ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အများပြည်သူသောက်သုံးရန်မသင့်သော တားမြစ်ဆေးများ၊ တရားမဝင်လိုင်စင်မဲ့ဆေးဝါးများ၊ စပ်ဆေးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်း ချသောကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြပေးရမည့်အချက်များအား ရှင်းလင်းပြောကြားပြီး အသိ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန