Main menu

လမ်းညွှန်ချက်များနှင့် ဘဝခရီး

Powered by Drupal
Thu, 04/27/2023 - 13:56 -- consumer_admin

 

  • ဘေးအန္တရာယ် ဤလူနယ် သွယ်သွယ်ပေါလှသည်

သဘာဝရယ် လောဘနယ် နှစ်သွယ်ကင်းရမည်

ရေစီးသန်တယ် ကမ်းအလှပြယ် အန္တရာယ်ကကြမ်းလှသည်

  • သတင်းအချက်အလက် စားသုံးသူအတွက် အသက်ထက်ပင် အရေးကြီးသည်

သတင်းမမက် သင်တို့အတွက် သောကရမ္မက်ဆုံဆည်းမည်

ဘဝတိုးတက် တို့များအတွက် လမ်းညွှန်ချက်များမှီးရမည်

  • ရွေးချယ်ကြပါ လွတ်လပ်စွာ ဆန္ဒလောဘရှင်းရသည်

လူသားခြင်းမှာ မျှတစွာ နစ်နာမှု့များကင်းရမည်

ရွေးချယ်မှု့မှာ ကျွမ်းကျင်ပါ ပညာသုတလင်းရမည်

  • စည်းပျက်ကမ်းပြယ် ဤလူ့နယ် အဘယ်လျှောက်ရမည်

ထုတ်လုပ်နယ်ပယ် ရောင်းသူမယ် အဘယ်စောင့်ရမည်

ကိုယ်ရဖို့ရွယ် လောဘချယ် လူ့နယ်ဘဝမှောက်တော့မည်

  • နစ်နာမှု့အတွက် တင်ပြချက် ချိတ်ဆက်ဖို့ရာသိရမည်

တင်ပြချက်မှာ ပြည့်စုံစွာ ခို်ငမာအထောက်အထားရှိရမည်

အထောက်အထားမှန် မျှတရန် ဧကံဥပဒေနှင့်ညှိရမည်

  • ထိခိုက်နစ်နာ စားသုံးသူမှာ မှန်စွာအခွင့်အရေးရသင့်သည်

အခွင့်အရေးမှန် လျှော်ကြေးဒဏ်  ပြန်လှန်ကုစားပေးသင့်သည်

ကြားနာနေစဉ် နှစ်ဖက်လုံးတွင် ပြစ်တင်မောဟ ကင်းရမည်

  • စားသုံးသူရေးရာ အသိပညာ ပြည်ရွာအနှံလျှမ်းသင့်သည်

ပြည်ရွာလျှမ်းဖို့ ညီနောင်တို့ အစဉ်တိုးတက်ဖို့လုံးလတည်း

တို့ တိုးတက်မှ လူ့ဘောင်ဘဝ သာယာကြဖို့ကြိုးစားမည်

  • စဉ်ဆက်မပြတ် စားသုံးတတ်ဖို့ လမ်းညွှန်ချက်မှီလျှောက်ကြမည်

တို့လျှောက်သည့်လမ်း ဆူးမကြမ်းဖို့

တို့လျှောက်သည့်လမ်း သာယာလွှမ်းမှ   ရွှင်လန်းဝန်းကျင်ရတော့မည်

ကိုယ်ကျင့်တရား အရင်းတည်ထား စားသုံးသူများရဲ့ ရွှေမြန်မာပြည်

တင်ဌေး(အောင်ပန်း)

DOCA(ရှမ်း)