Main menu

ကန့်ဘလူခရိုင်၏ ဧပြီလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

      ၂၀၂၄ခုနှစ်၊ ဧပြီလအတွင်း စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်ပူးပေါင်းကာ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအားစစ်ဆေးခြင်း (၁)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကန့်ဘလူမြို့၊ အမှတ် (၅)ရပ်ကွက်ရှိကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်နှင့် အမှတ်(၃)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ် စသည်ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းစုစုပေါင်း (၂)ကြိမ်၊ ကန့်ဘလူမြို့နယ်အနေဖြင့် စက်သုံးဆီအရောင်းဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာဖြန့်ဖြူးရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများ၏ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့် ကုန်စည်များကိုရောင်းချခြင်းမပြုရန် အသိပညာပေးမှာကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)