မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် RC နှစ်ထပ်အဆောက်အဦအား ကုန်ကျစရိတ်နှင့်လက်ခအပြီး ငွေကျပ်(၃၄၅)သိန်းဖြင့် ကန်ထရိုက်လုပ်ငန်းရှင်တစ်ဦးထံ စာချုပ်ချုပ်ဆိုအပ်နှံခဲ့ရာ စာချုပ်ချုပ်ဆိုသည့်နေ့တွင် ငွေကျပ် (၃၂၃) သိန်း ပေးချေခဲ့ပြီး ကျန်ငွေ (၂၂)သိန်းကို ၁၅-၇-၂၀၂၂ ရက်နေ့တွင် အပြီးပေးချေမည်ဖြစ်ကြောင်းနှင့် အဆောက်အဦအား ၅-၈-၂၀၂၃ ရက်နေ့အပြီး ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြပြီး ကျန်ငွေ(၂၂)သိန်းပေးချေပြီးသော်လည်း ကန်ထရိုက်မှအဆောက်အဦအပ်နှံရာတွင် တံခါး(၇)ပေါက် တပ်ဆင်ပေးခြင်းမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန မိတ္
ဖြေရှင်းဆောင်ရွက်ပေးမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ကားရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုထံမှ အရစ်ကျ ဝယ်ယူထားသော မော်တော်ယာဉ် (သို့မဟုတ်) အရစ်ကျ ပေးသွင်းထားသောငွေများ ပြန်လည်ရယူလိုသောကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ Email မှတဆင့် တိုင်ကြားလာပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နေ တိုင်ကြားသူတစ်ဦးသည် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုမှ အင်တာနက်စာချုပ် ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာမှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသောကြောင့် စားသုံးသူရေးရာ ဦးစီးဌာနသို့ Email မှတဆင့် တိုင်ကြားလာပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နေတိုင်ကြားသူသည် (၂၃-၁-၂၀၂၄)ရက်နေ့တွင် မော်လမြိုင်မှ ပြည်မြို့သို့ ခရီးဆောင်အိတ်နှင့်အတူ စီးနင်းလိုက်ပါလာပြီး အင်းမမြို့အရောက်တွင် မိမိ၏ခရီးဆောင်အိတ်မရှိတော့ကြောင်းနှင့် လွဲမှားသွားကြောင်းသိခဲ့ရသဖြင့် စပယ်ယာအားမေးမြန်းရာတွင် သုံးဆယ်မြို့တွင် ဆင်းသည့်ခရီးသည်၏အိတ်နှင့် လွဲမှားပါသွားခဲ့ကြောင်းသိရပါသည်။ လွဲမှားသွားသည့်အိတ်ပြန်လည်ရရှိရေး ကားဒရိုင်ဘာ၊ စပယ်ယာတို့နှင့် မိမိဘာသာချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ထူးခြားမှုမရှိသည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးပါရန် ပြည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ CICC သို့ ဆက်သွယ်တိုင်ကြားလာခဲ့ပါသည
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် Toyota Crown (White Colour) အား ပြုပြင်ရန်အတွက် ကားဘော်ဒီရုံတစ်ခုတွင် အပ်နှံခဲ့ပါကြောင်း၊ ကားဘော်ဒီရုံမှ မော်တော်ယာဉ်၏ အနောက်ပိုင်းတစ်ခုလုံးအားဖြတ်၍ လဲလှယ်မှုဆောင်ရွက်ခဲ့သောကြောင့် နစ်နာဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာန Website Complaint System သို့ တိုင်ကြားလာပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ တိုင်ကြားသူတစ်ဦးသည် မကွေးမြို့မှအောင်လံသို့ xxxx ယာဉ်လိုင်းဖြင့် ဆေးဆိုင်(၅)ဆိုင်သို့ ဆေးဂျပ်ဖာ (၅) ဖာအား တန်ဆာခ စုစုပေါင်း ငွေကျပ် ၂၃,၅၀ဝ/- ပေးချေပြီး ပေးပို့စေခဲ့ရာတွင် ဆိုင်(၄)ဆိုင်သို့ဂျပ်ဖာများ ရောက်ရှိသော်လည်း ဆေးဆိုင်(၁) ဆိုင်သို့ပေးပို့သည့် ဆေးဂျပ်ဖာ တန်ဖိုးငွေကျပ် ၆၃၀,၀၀ဝ/- မှာ ရောက်ရှိခဲ့ခြင်းမရှိသည့်အတွက် ဂိတ်မှတာဝန်ရှိသူသို့ ပြောကြားခဲ့ရာ လမ်းတွင်ကျပျောက် ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားလာပါသည်။ ယာဉ်လိုင်းမှတာဝန်ရှိသူနှင့် သွားရောက်ညှိနှိုင်းခဲ့ရာ ငွေကျပ် ၄၀၀,၀၀ဝ/-သာ ပေးလျော်နိုင်မည်ဟု ပြောကြားခဲ့သည့်အတွက် ဆုံးရှုံးနစ်နာ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများနှင့် ပတ်သတ်ပြီး စိစစ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ ၁၈.၁၂.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်အရှ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဗိုလ်တထောင်ခရိုင် အတွင်းရှိ ပုဇွန်တောင်ဈေး၊ ဘိုကလေးဈေး၊ ဒေါပုံဈေး၊ သာကေတအမှတ်(၂)ဈေး ၊ သိမ်ဖြူဈေးနှင့် မင်္ဂလာတောင်ညွန့်ဈေး စသည့်ဈေးများရှိ စားအုန်းဆီအရောင်းဆိုင်များကို&nb
မကွေးမြို့နေ xxx သည် ညနေ(၁၆:၀၀)နာရီအချိန်တွင် မကွေးမြို့မှ အောင်လံမြို့သို့ xxx ယာဉ်လိုင်းဖြင့် ဆေးဆိုင်(၅)ဆိုင်သို့ ဆေးဂျပ်ဖာ(၅)ဖာအား တန်ဆာခစုစုပေါင်း ကျပ်(၂၃၅၀ဝ) ပေးချေပြီး ပေးပို့စေခဲ့ပါသည်။ သို့ရာတွင် ဆေးဆိုင်(၄)ဆိုင်သို့ ဂျပ်ဖာများရောက်ရှိသော်လည်း xxx ဆေးဆိုင်သို့ပေးပို့သည့် ဆေးဂျပ်ဖာ တန်ဘိုးငွေ ကျပ်(၆၃၀၀၀ဝ)မှာ ရောက်ရှိခဲ့ခြင်းမရှိ သည့်အတွက် ဂိတ်တာဝန်ရှိသူသို့ မေးမြန်းခဲ့ရာ လမ်းတွင်ကျပျောက်ခဲ့ခြင်းဖြစ်သည်ဟု ဖြေကြားလာ၍ ယာဉ်လိုင်းမှ တာဝန်ရှိသူနှင့်သွားရောက်ညှိနှိုင်းခဲ့ရာ ငွေကျပ်(၄၀၀၀၀ဝ)သာ ပေးလျော် နိုင်မည်ဟု ပြောကြားခဲ့သည့်အတွက် ဆုံးရှုံးနစ်နာ
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ xxx သည် xxx ပိုးထည် ချည်ထည် အမျိုးမျိုးရောင်းဝယ်ရေး Online Page Live မှ ပါတိတ်ထမီ(၁၀)ကွင်းအား ကျသင့်ငွေ ကျပ်(၂၈၄၀ဝ)၊ ပို့ဆောင်ခ ကျပ်(၁၀၀ဝ)၊ စုစုပေါင်းကျသင့်ငွေ ကျပ်(၂၉၄၀ဝ)အား K-Pay ဖြင့် ငွေလွှဲ၍ ဝယ်ယူခဲ့ပါသည်။ သို့သော်လည်း မှာယူပြီး (၃)ပါတ်အကြာအထိ အထည်များပေးပို့လာခြင်းမရှိသဖြင့် ဆက်သွယ်ပြောကြားခဲ့ရာတွင် ရိုင်းစိုင်းစွာပြောဆိုပြီး Account အား block သွားပါသဖြင့် Consumer Call Center 1535 သို့ တိုင်ကြားလာပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၁၂.၂၀၂၃)ရက်နေ့ ညနေ (၁၄:၀၀)နာရီက လပွတ္တာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ဈေးရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံမှုရှိမရှိ နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

















