ဖြေရှင်းဆောင်ရွက်ပေးမှုများ

      ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ကုမ္ပဏီတစ်ခုမှ ရောင်းချသော Solar နှင့် Solar Batteries များအား အမေရိကန်ဒေါ်လာ (၇၀၈၂၁)$ ပေးဝယ်၍ တပ်ဆင်ထားပါကြောင်း၊ ကျသင့်ငွေများအနက်  Solar  Batteries တန်ဖိုးမှာ (၁၇၂၀၇)$ ဖြစ်ကြောင်း၊ ဝယ်ယူထားသော ပစ္စည်းများအတွက် အာမခံကာလမှာ(၅၀)နှစ်ဖြစ်ပါကြောင်း၊Solar Batteries (၅)လုံးမှာ ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့မှုအတွက် ကုမ္ပဏီမှ သက်ဆိုင်ရာတာဝန်ခံများအား အကြောင်းကြားခဲ့ရာတွင် ဆောင်ရွက်ပေးမှု အဆင်မပြေသဖြင့် [email protected] မှ

     ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နေ တိုင်ကြားသူ တစ်ဦးသည် ၄-၅-၂၀၂၃ ရက်နေ့တွင် ပြည်ခရိုင် ဦးစီးမှူးရုံးမှတဆင့် ၁-၅-၂၀၂၃ ရက်နေ့တွင် ပြည်မြို့၊ကားကြီးဝန်းအတွင်းရှိ မော်တော်ယာဉ်လိုင်းဖြင့် ဟင်္သာတမြို့ရှိ မိတ်ဆွေထံသို့ ကုန်ပစ္စည်းတင်ပို့ခဲ့ရာ မော်တော်ယာဉ်ဂိတ်မှ ပစ္စည်းလက်ခံသော စာရေးအနေဖြင့် မိမိအားအများရှေ့တွင် မချေမငံပြောဆို ဆက်ဆံသည့်အတွက် မိမိအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု ဖြစ်ပေါ်ခဲ့သဖြင့် တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်ခရိုင်ဦးစီးမှူးရုံးနှင့် ပြည်ခရိုင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာမှ တာဝ

      ဧရာဝတီတိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ၂၈-၃-၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှတဆင့် စတိုးဆိုင်တစ်ခုမှ အမှုန့်ကြိတ်စက်ကို ဝယ်ယူခဲ့ရာစက်အောက်ခြေမှ မီးပွားများထွက်၍ လဲလှယ်ရာတွင် ပစ္စည်းအစားထိုး လဲလှယ်ပေးခြင်း မရှိသောကြောင့် တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့် ပတ်သက်၍  ၂၉-၃-၂၀၂၃ ရက်နေ့တွင် ပုသိမ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စတိုးဆိုင်ပိုင်ရှင်ကို ခေါ်ယူတွေ့ဆုံညှိနှိုင်းရာ တိုင်ကြားသူသည် ပစ္စည်းကို အသုံးပြုထားပြီးဖြစ်သဖြင့် လဲလှယ်ပေးခြင်းမပြုနိုင်ကြောင်း၊ ပစ္စည်းကို ပြန်လည်ပြုပြင်ပါက ပြင်ဆင်ခတန်ဖိုးကို ပေးချေမည်ဖြစ်ကြေ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နေ တိုင်ကြားသူသည် Online Shop Facebook Page မှ Honda Giorno 50CC Efi မော်တော်ဆိုင်ကယ်ကို ငွေကျပ်သုံးသိန်းလေးသောင်း(၃၄၀၀၀ဝိ/-)ဖြင့် ဝယ်ယူခဲ့ပြီး ကျသင့်ငွေအား KBZ pay ဖြင့်ငွေပေးချေခဲ့ကြောင်း၊ ငွေလွှဲပြီးသော်လည်း ပစ္စည်းပေးပို့လာခြင်းမရှိသည့်အတွက် ဖုန်းဖြင့်ဆက်သွယ်သော်လည်းမရသဖြင့် နစ်နာမှုအား ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီဌာန၏ Facebook စာမျက်နှာသို့ Messenger မှတစ်ဆင့် တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ တိုင်ကြားခံရသည့် Online Shop ၏လိပ်စာမှာ မြဝတီမြို့ဖြစ်သောကြောင့် စစ်က

     မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် ဆိုင်ကယ်အရောင်းပြခန်းမှ ၁၉-၅-၂၀၂၂ ရက်နေ့တွင် TVS Dazz (အနက်) ယာယီ 05xxxx ကို ကနဦးငွေကျပ် ၇၃၅၀၀၀ နှင့် တစ်လလျှင် ၂၁၅၀၀၀ ကျပ်ဖြင့် (၈) လ အရစ်ကျဝယ်ယူခဲ့ကြောင်း၊ ယခုအချိန်တွင် ငွေအကြေအလည် ပေးချေပြီးသော်လည်း ရောင်းချသော ကုမ္ပဏီအနေဖြင့် ဆိုင်ကယ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို အကြိမ်ကြိမ် သွားရောက်ညှိနှိုင်းတောင်းခံသော်လည်း လက်ဝယ်သို့ ပေးအပ်ခြင်းမရှိပါသဖြင့် ၁၃-၂-၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှတဆင့် တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပြီး ၃၁-၃

    ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ၁၃-၂-၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှတဆင့် ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍  တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း မှ တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ကုန်ပစ္စည်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းမှ ၇-၁-၂၀၂၃ ရက်နေ့တွင် ညောင်ရွှေရုံးတွင် Waybill အမှတ် MS xxxxx  နံပါတ်ဖြင့် ရန်ကုန်မြို့ရှိ သင်္ဃန်းကျွန်းမြို့နယ်နေ တိုင်ကြားသူ ထံသို့ Waybill ပါ အကြောင်းအရာတွင် ဘုရား ဆင်းတုဟု ဖော်ပ

     ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် Sim Card (၀၉ xxxxxxx) နှင့် (၀၉ xxxxxxx) တို့အား စာချုပ် စာတမ်းဖြင့် ဝယ်ယူထားသော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အပြီးဖျက်သိမ်းကြောင်း အကြောင်းကြားလာသဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင် ပါရန် တိုင်ကြားလာခြင်းအပေါ် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်းသို့ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်းက တိုင်ကြားမှုနှင့်ပတ်သက်၍ စိစစ်ချက်များ ပြုလုပ်ခဲ့ပြီးနောက် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ၃၀-၁၂-၂၀၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားရှိသော ဆင်းကဒ် သက်တမ်း (SIM Lif

            မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးမှ (၁၀.၁၂.၂၀၂၂) ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် (x x x) စတိုးမှ ကျောပိုးလွယ်အိတ်တစ်လုံးအား တန်ဘိုးကျပ်(၁၇၀၀၀)ဖြင့် ပေးချေ ဝယ်ယူခဲ့ပြီး အိမ်သို့ပြန်ရောက်ချိန်တွင် မိမိဝယ်ယူခဲ့သည့် ကျောပိုးအိတ်ထက်ပိုမို၍ တာရှည်ခံမည့် အိတ်အား ငွေကြေးအလိုက်ပေး၍ လဲလှယ်ဝယ်ယူလိုသောကြောင့် (၁၁.၁၂.၂၀၂၂) ရက်နေ့ နေ့လည် (၁၁:၀၀)နာရီအချိန်တွင် ဆိုင်သို့ထပ်မံသွားရောက်၍ ပြောကြားခဲ့ရာ ဆိုင်ရှင်နှင့် ဝန်ထမ်းများမှ မိမိတို့ဆိုင်သည် တစ်ခွန်းဆိုင်ဖြစ်၍ ဝယ်ပြီးပစ္စည်းအား ပြန်လည်လ

           ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်နေ တိုင်ကြားသူတစ်ဦးက အမှုန့်ကြိတ်စက်လုပ်ငန်းတစ်ခုမှ ညှော်နံ့နံခြင်းနှင့်အမှုန့်များလွင့်ခြင်းတို့ကြောင့် ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်သဖြင့် ဖြေရှင်း ဆောင်ရွက်ပေးပါရန် တိုင်ကြားလာခြင်း ဖြစ်ပါသည်။ တိုင်ကြားမှု အပေါ် တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ၃.၁၀.၂၀၂၂ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံ ရသူတို့ကို ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့ရာ အမှုန့်ကြိတ်စက်လုပ်ငန်းပိုင်ရှင်မှ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးဂရုပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ဦးသဘောတူ ကျေနပ်မှုရရ

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်နေ တိုင်ကြား သူတစ်ဦးသည် ဆိုင်ကယ်ရောင်းချသည့် ကိုယ်စားလှယ်ထံမှ ဆိုင်ကယ်အရစ်ကျစနစ်ဖြင့် (၁)လလျှင် ၅၀,၀၀ဝိ/-ဖြင့် (၁၂)လ အကျေပေးသွင်းပြီး ဝယ်ယူခဲ့ရာ ဆိုင်ကယ်လိုင်စင် စာအုပ်မရရှိသောကြောင့် ကိုယ်စားလှယ်ထံသို့ (၃) ကြိမ်တိုင်တိုင် သွားရောက်ပြောဆိုခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိသဖြင့် တိုင်ကြားလာခြင်း ဖြစ်ပါသည်။  တိုင်ကြားမှုအပေါ် တိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ၆-၁၀-၂၀၂၂ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံရသူ (ကိုယ်စားလှယ်)တို့ကို ခေါ်ယူတွေ့ဆုံညှိနှိုင်းရာ တိုင်ကြားခံရသူ (ကိုယ်စားလှယ်)မှ မူလရောင်းချသေ