စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နေ တိုင်ကြားသူသည် နေအိမ်အနီးရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ညှော်နံ့များကြောင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများ၏ ကျန်းမာရေး ဆိုးဝါးစွာ ထိခိုက် လျက်ရှိသဖြင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာ ခြင်းဖြစ်ပါ သည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများက တိုင်ကြားမှုသည် စားသုံးသူနစ်နာမှုမဟုတ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ မုံရွာမြို့သို့ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ထုံးလုပ်နည်းမျ
ဖြေရှင်းဆောင်ရွက်ပေးမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ တိုင်ကြားသူသည် ဟိုတယ်တစ်ခုတွင် တစ်ညအိပ် ၆၀,၀၀၀ ကျပ်ဖြင့် တည်းခိုခဲ့ပြီး ဟိုတယ်အခန်းခများ ပေးချေရာ တွင် Kpay ဖြင့် ပေးချေလျှင် ၂ ရာခိုင်နှုန်း အပိုဆောင်း တောင်းခံသဖြင့် ကျေနပ်မှုမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာခြင်းဖြစ်ပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဟိုတယ်တာဝန်ရှိသူများထံ ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ဟိုတယ်တာဝန်ခံမှ K pay ဖြင့်ပေးချေမှုများအား ၂ ရာခိုင်နှုန်း ထပ်ဆောင်းယူသည်မှာ မှန်ကန်ပါကြောင်း၊ မိမိတို့ Hotel အနေဖြင့်လည်း K pay ရ
နေပြည်တော်၊ ဇမ္ဇူသီရိမြို့နယ်နေ တိုင် ကြားသူသည်*** ဈေးဝယ်စင်တာတွင် ရောင်းချနေသော *** Smart TV 43”(LED) တစ်လုံးကို ၂၉-၈-၂၀၂၂ ရက်နေ့တွင် ဝယ်ယူခဲ့ရာ အာမခံ သက်တမ်းမှာ(၂)နှစ်ဖြစ်ပြီး ၆-၅-၂၀၂၃ ရက်နေ့တွင် Display အစင်းကြောင်းပေါ်သဖြင့် ဝယ်ယူသည့်နေရာသို့ ဆက်သွယ်ပြောကြားခဲ့သော်လည်း ၎င်းဆိုင်မှ ရန်ကုန်မြို့ရှိ *** Center သို့ပို့ခဲ့ပြီး Center မှ မှန်ကွဲ၍ ဒေါင်လိုက်အစင်းထင်ကြောင်းနှင့် ပြင်ဆင်ပါက ၄၉၆,၀၀၀/-ကျပ် ပေးရမည်ဖြစ်ကြောင်း ပြောကြားသဖြင့် ကျေနပ်မှုမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင် လာရောက်တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ န
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ တိုင်ကြားသူတစ်ဦးမှ ၎င်း၏ အသုံးပြုနေသော Pay အကောင့်အား ကြိုတင်အကြောင်းကြားမှုမရှိဘဲ အကောင့်အပိတ်ခံရသဖြင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့် ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက သက်ဆိုင်ရာဘဏ်သို့ အကြောင်းကြားဆောင်ရွက်ခဲ့ပါသည်။ ဘဏ်၏ စိစစ်ချက်အရ ဈေးဝယ်သူတစ်ဦးသည် ၃၁-၇-၂၀၂၃ ရက်နေ့တွင် *** Jade & Jewellery Co., Ltd မှ Online Live Sale တွင် ရောင်းချသော ကျောက်စိမ်းလက်စွပ်ကိုဝယ်ယူခဲ့ပြီး ပစ္စည်း၏ အရည်အသွေးမှာ ပေးရသည့်ဈေးနှုန်းနှင့်မတန်ဟု ထင်မြင်ခဲ့သည
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နေ တိုင်ကြားသူ သည် အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင်မှ ဖုန်းဝယ်ယူရာတွင် Oppo Reno 8 T အမျိုးအစားကို ဝယ်ယူရန် တိုက်တွန်းခဲ့ပြီး ဖုန်း Setting အားလည်း သေချာစွာ နားလည်အောင် ရှင်းပြခဲ့ခြင်းမရှိသည့်အတွက် သုံးစွဲ၍ အဆင်မပြေသောကြောင့် ငွေပြန်လည်အမ်းပေးစေလို ကြောင်းနှင့် ငွေပြန်လည်အမ်းပေးရန် အဆင်မပြေပါက အခြားဖုန်းအမျိုးအစားထဲမှ ငွေကြေးအလိုက် ပေး၍လဲလှယ်ပေးရန်တောင်းဆိုမှုအပေါ် ဆောင်ရွက်ပေးမှုမရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အီလက်ထရော
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူများသည် အိမ်ရာတိုက်ခန်းများ ဝယ်ယူမှု၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အာမခံထားသည့်ကာလအတွင်း ဆောက်လုပ်ပြီးစီးမှုမရှိခြင်း၊ စာချုပ်ပါ စည်းကမ်းချက်အတိုင်း ဆောင်ရွက်ပေးမှုမရှိခြင်း၊ ကြော်ငြာတွင် ဖော်ပြထားသည့် ဝန်ဆောင်မှုများအား ဆောင်ရွက်ပေးမှုမရှိခြင်း၊ အခွန်အခများ ပိုမိုကောက်ခံနေခြင်းတို့ကြောင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက် သွယ်တိုင်ကြားလာပါသည်။ တိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့သဖြင့် စားသုံးသူရေးရာကော်မတီသို့
ရန်ကုန်တိုင်းဒေသကြီး၊ တိုင်ကြားသူ (၂) ဦးသည် ၃-၆-၂၀၂၃ ရက်နေ့တွင် ရန်ကုန်မှ နေပြည်တော်သို့ MG ZS EV (4s2095) ကားဖြင့်လည်းကောင်း၊ ၄-၆-၂၀၂၃ ရက်နေ့ တွင် ရန်ကုန်မှ မန္တလေးသို့ MG4 EV (4S-63 88) ကားဖြင့်လည်းကောင်း အသီးသီး ခရီး ထွက်လာခဲ့ရာ လျှပ်စစ်ကားများဖြင့် ခရီးသွားရာတွင် အားသွင်းရန်အတွက် အဓိကမိုင်တိုင်များ ဖြစ်သည့် (0) မိုင်နှင့် (115) မိုင်တို့ရှိ Charging Station များတွင် EV ကားများ ဝင်ရောက်အားသွင်းရာ CCS2 Charger များ မှာအသုံးပြု၍မရဘဲ ချို့ယွင်းနေသည့်အတွက် အမြန်ဆုံး စစ်ဆေးပြင် ဆင်ပေးပါရန် Email မှတဆင့် ၂၇-၆-၂၀၂၃ ရက်နေ့တွင်တိုင်ကြားလာပါသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နေ(ယခင်) တိုင်ကြားသူတစ်ဦးသည် ဆိုင်ကယ်အရောင်းဆိုင်တစ်ခုမှ ၁-၁၁-၂၀၂၀ ရက်နေ့တွင် Supernova 125 စိမ်း ယာယီ E xxxx ကို ငွေကျပ် ၉၈၀၀၀၀/- ငွေအကြေပေးဝယ်ယူခဲ့ပြီး ရောင်းချသော ဆိုင်ကယ်အရောင်းဆိုင်သို့ ဆိုင်ကယ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို အကြိမ်ကြိမ် သွားရောက်ညှိနှိုင်းတောင်းခံသော်လည်း လက်ဝယ်သို့ ပေးအပ်ခြင်းမရှိပါသဖြင့် ၂၇-၇-၂၀၂၃ ရက်နေ့တွင် ကယားပြည်နယ် ဦးစီးမှူးရုံး (CICC)သို့ လူထုဆက်သွယ်ရေးနည်းလမ်း (Viber)မှ တဆင့်တိုင်ကြားလာပါသည်။
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ကုမ္ပဏီတစ်ခုထံမှ ဂျပန်ကျ ရေခဲသေတ္တာ(၁)လုံး ဝယ်ယူခဲ့ရာ ရေခဲသေတ္တာ၌ ချို့ယွင်းချက်ရှိနေသည့်အတွက် ဝယ်ယူ ပြီး(၁၀)ရက်အတွင်း အကြောင်းကြားခဲ့သော်လည်း တာဝန်ယူဖြေရှင်းပေးခြင်း မရှိသောကြောင့် Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ဆေးဝါး(၂)မျိုးကို တန်ဖိုးငွေ (၂)သိန်းကျော်ဖြင့် ရပ်ကွက်အတွင်း ရောင်းချနေသောကြောင့် ၎င်းဆေးဝါးများသည် FDA ခွင့်ပြုချက် ရှိ/မရှိနှင့် တရားဝင်ဆေးဝါးများ ဟုတ်/မဟုတ်ကို အများပြည်သူ သိရှိနိုင်စေရန်အတွက် စစ်ဆေးပေးနိုင်ပါရန် Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။

















