ဖြေရှင်းဆောင်ရွက်ပေးမှုများ

       မန္တလေးတိုင်းဒေသကြီးနေ တိုင်ကြားသူ (၂) ဦးတို့သည် ၄င်းတို့၏ Account (09-xxxxxxxxx) မှ ငွေ ၁၀၇၁၆၃၅ ကျပ်နှင့် Account (09-xxxxxxxxx) မှ ၁၂၈၄၀ဝဝ ကျပ်တို့ကို ၂၅-၉-၂၀၂၀ ရက် နေ့တွင် အလွဲသုံးစား ထုတ်ယူသုံးစွဲခြင်း ခံရသဖြင့် Call Center များသို့ ဆက်သွယ်ခဲ့ရာ ဆောင်ရွက် ပေးနိုင်ခြင်းမရှိသည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint သို့ ဆက်သွယ်တိုင်ကြားလာပါသည်။ အဆိုပါတိုင်ကြားမှုအပေါ် မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးက အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းသို့ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ် ပြန်လည်တင်ပြရန် အကြ

ခရီးသွားလုပ်ငန်းဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်မှု

ပုဂ္ဂလိကကျောင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်မှု                        

နေပြည်တော်ရှိ xxx မုန့်တိုက်အား စစ်ဆေးရေးအဖွဲ့စုံဖြင့် (၁၀-၁၀-၂၀၁၇) ရက်နေ့တွင် ပထမအကြိမ်သွားရောက်စစ်ဆေးခဲ့ရာတွင် သန့်ရှင်းမှု အားနည်းသဖြင့် သန့်ရှင်းမှုရှိရန်၊ ကျန်းမာရေးနှင့် ညီညွတ်ရန်လိုအပ်ကြောင်းညွှန်ကြားသည့်အပေါ်တွင် ပိုင်ရှင်ဖြစ်သူမှ (၃)လခန့် အချိန်ပေးပါရန်နှင့် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ (၂၄-၁-၂၀၁၈) ရက်နေ့တွင် ထပ်မံစစ်ဆေးရာ အတွင်းကြမ်းခင်း မြေကြီးပေါ်တွင် မုန့်ပြုလုပ်ခြင်း၊ မုန့်နယ် သည့် စက်များဘေးတွင် ကြွက်တွင်းများရှိနေခြင်း ၊ မုန့်လုပ်သားများမှာလည်း အင်္ကျီ ဝတ်ဆင်ခြင်း မပြုဘဲ မုန်နယ်ခြင်း၊ မုန့်ထုတ်ခြင်းနှင့် မုန့်လုပ်သည့်နေရာ တဝိုက်တွင် ညစ်ပတ်၍ အနံ့ မကောင

 ၁၉.၆.၂၀၁၈ ရက်နေ့၌ ရန်ကုန်တောင်ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်း စစ်ဆေးရာ၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်းကွင်းဆင်း စစ်ဆေး စဉ်က တားမြစ်ထားသော Super Shine အမှတ်တံဆိပ် ငရုတ်ဆီအား သုံးခွမြို့မစျေးတွင် ပစ္စည်းဖြန့်ဖြူးရောင်းချရန်ကားဖြင့် လာရောက်သည်ကို စစ်ဆေးတွေ့ရှိရ၍ Super Shine အမှတ်တံဆိပ် ငရုတ်ဆီအိပ်(၈၄)လုံးပါဖာ(၁၅၀)ခန့်ပါရှိ၍ အမှတ် တံဆိပ်တွင် သက်တမ်းကုန်ဆုံး ရနှင့် ဖုန်းနံပါတ်သာပါရှိ၍ စားသုံးရန်သင့်/မသင့် ရန်ကုန်တိုင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၆/၂၀၁၈)၏ ဆုံးဖြတ်ချက်အရ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၉၊ ပုဒ်ခွဲ(ဃ)အရ ရန်ကုန်တိုင်းအစားအသောက်နှင့် ဆ

ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာတွင်(၁၅.၅.၂၀၁၈) ရက်နေ့တွင် လှိုင်မြို့နယ် လှိုင်ရတနာစျေးအတွင်း xxxကုန်စုံဆိုင်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ မသုံးစွဲရန် တားမြစ်ထုတ်ပြန်ထားသော ကျင်းထုံတံဆိပ်ဖြင့် ခြင်ဆေးခွေဗူးပေါ်တွင် ဖော်ပြထားသည့် အမျိုးအစားဓါတုပစ္စည်း၏ ပါဝင်ရာခိုင်နှုန်း ၀.၀၈% ပါဝင်သော ကျင်းထုံခြင်ဆေးဗူးများ စစ်ဆေးတွေ့ရှိ၍ စျေးတာဝန်ခံရုံးတွင် ကွင်းဆင်းအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ချက်ဖြင့် ကွင်းဆင်းအဖွဲ့၏ရှေ့မှောက်တွင် ခြင်ဆေးခွေများ အား ဖျက်ဆီးပြီး ရောင်းချသောဆိုင်ရှင်အားခေါ်ယူပြီးနောက်နောင်တွင် ရောင်းချခြင်း

စားသောက်ကုန်နှင့် ပတ်သက်၍တိုင်ကြားမှုတွင် မာရိုးနစ်(mayonnaise) ဝယ်ယူရာတွင် သက်တမ်းလွန်၍ ပြန်လဲခိုင်းရာတွင် ဆိုင်မှရိုင်းပြစွာဆက်ဆံခြင်း၊ ဆိုင်မှရောင်းချနေသော စားသောက်ကုန်များ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/မရှိ၊ သက်တမ်းကုန်ပစ္စည်း ရှိ/မရှိ စစ်ဆေး ပေးရန် တိုင်ကြားလာခဲ့ခြင်းဖြစ်ပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေး၍ နောင်တွင်သက်တမ်းလွန်ပစ္စည်းများမရောင်းချရန် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပုဒ်မ၁၉၊ ပုဒ်မခွဲ(က)အရ ဝန်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ ၄/၂၀၁၈ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်

xxx အိုးမရွေးစတီးမီးဖိုနှင့် နှစ်ခုတွဲ အကင် စက်အမျိုးမျိုးဖြန့်ချီရေးမှ အိုးမရွေး လျှပ်စစ်မီးဖို(၁) လုံး အာမခံချက်(၆လ) အတွင်း လဲလှယ်ခွင့်ရှိသည်ပါရှိပြီး ဝယ်ယူသုံးစွဲ၍ (၂၈)ရက် အကြာတွင် ပျက်သွား၍ အာမခံထားသည့် အတိုင်းဆောင်ရွက်ပေးရန်တောင်းဆိုခဲ့ရာ ပြင်ဆင်မှုသာ ဆောင်ရွက်ပေးသဖြင့် နစ်နာသူမှတိုင်ကြား၍ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ရောင်းသူ/ဝယ်သူ(၂) ဦးအား ခေါ်ယူ၍ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ရာ ရောင်းသူမှ အာမခံထားသည့်အတိုင်း မီးဖိုအသစ်(၁) လုံး လဲလှယ်ပေးခဲ့ခြင်း စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ အခန်း(၆)၊ ပုဒ်မ(၇)၊ ပုဒ်မခွဲ(ခ) (၆) ကို တိကျစွာလိုက်နာဆောင်ရွက်ရန်  ဝန်ခံ

Junction Centre ( Naypyitaw) ရှိ Ocean ထဲတွင် ရောင်းချသော“xxx” ဇယန်းညွန့်စပ် ဗူးတွင် ကုန်ဆုံးရက်မှာ ၁၀-၁-၂၀၁၈ ခုနှစ် ဖြစ်၍ ဝယ်ယူခဲ့သော်လည်း ဖောက်ကြည့်ခဲ့ရာ မှိုများ တွေ့ရှိရသည်ကို တိုင်ကြားမှုအပေါ် ၁၇-၁၀-၂၀၁၇ ရက်နေ့တွင် Ocean Supercentre မှ ဆက်သွယ် ၍ တောင်းပန်မှု ပြုလုပ်ခဲ့ပြီး ည ၇:၅၆  နာရီတွင် “xxx”လက်ဖက်ဗူး အသစ်အား စားသုံးသူထံ လာရောက်လဲလှယ်ပေးခဲ့ရာ တိုင်ကြားသူအနေဖြင့် CICC ၏ ညှိနှိုင်းဖြေရှင်းပေးမှုနှင့် Ocean Supercentre မှ လာရောက် တောင်းပန်၍ ပစ္စည်းအသစ် လဲလှယ်ပေးမှုတို့ကြောင့် စိတ်ကျေနပ်မှု ရရှိစေခဲ့ပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

Ocean Supercentre (Ottarathiri) မှ ဝယ်ယူခဲ့သည့် Water Heater တွင် ချို့ယွင်းချက်ရှိ၍ Ocean Supercentre သို့ ဆက်သွယ်၍ ဖြေရှင်းဆောင်ရွက်ပေးရန် အရေးဆိုသော်လည်း ပြုပြင်ပေး ခြင်း မရှိသည့်အတွက် ရုံးချုပ် CICC သို့ တိုင်ကြားခဲ့ရာ တာဝန်ခံအား ဆက်သွယ်၍ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သည့်အတွက် Ocean Supercentre မှ တာဝန်ခံသည် ဝယ်ယူသူဘက်သို့ ဆက်သွယ် ပြီး အသစ် (၁) လုံး လဲလှယ်ပေးခဲ့ပါသည်။ သို့သော် ဝယ်ယူသူဘက်မှ သုံးစွဲသည်မှာ အဆင်မပြေသော ကြောင့် ၂၂-၁၁-၂၀၁၇ ရက်နေ့တွင် SUI KANGAROO ကုမ္ပဏီကိုယ်စား Ocean Supercentre မှ တာဝန်ခံက ပစ္စည်းကို ငွေသားဖြင့် လဲလှယ်ပြီး ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။