သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးတင်ဌေး(ရုံးအုပ်)နှင့်အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ နံနက်(၁၀:၃၀) နာရီချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ လက်လီ/လက်ကားရောင်းချနေသော ဆေးဆိုင်များ ဆေးနှင့်ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ် ၊ နိုဝင်ဘာလ (၂၇) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် လွိုင်လင်မြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၁၅၀)ဦး တက်ရောက်ခဲ့ပါသည်။
ကျုံပျော်မြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာရောင်းချသောဆိုင်များသို့ (၂၂-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်ယူရီးယားဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့နှင့်အတူ ဓာတ်မြေဩဇာများ သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်၍ ဈေးနှုန်းကြီးမြင့်စွာရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော တရားမဝင်ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများရောင်းချမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြ
မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ပုဂ္ဂလိကဆေးခန်းဖွင့်လှစ်နိုင်ရေး လိုင်စင်လျှောက်ထားမှုနှင့် တရားမဝင်ဆေးဝါးများ စျေးကွက်အတွင်း ဝင်ရောက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ၂၈.၁၁.၂၀၂၄ ရက်နေ့ ၊ နံနက် (၀၈:၀၀) နာရီက ဓနုဖြူမြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံ၍ ပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။