သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပုသိမ်ခရိုင်အတွင်း စားသုံးဆီဖြန့်ဖြူးခြင်းနှင့်ပတ်သက်၍ တစ်ရက်လျှင် ၁၄၅ပေပါဖြန့်ဖြူးရောင်းချလျက်ရှိပြီး မြို့နယ်ဆီထုတ်ကိုယ်စားလှယ်များက လက်လီ/လက်ကားဆိုင်များသို့ရောင်းချရာတွင်လည်း သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန်နှင့် စားသုံးဆီခွဲတမ်းရရှိမှုအပေါ် အပြည့်အဝပြန်လည်ရောင်းချမှုရှိစေရေးအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် လစဉ်၊ အပတ်စဉ်၊ နေ့စဉ် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ကွင်းဆင်းဆေ
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၇.၁၁.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်က ညောင်တုန်းမြို့ရှိ စားသောက်ကုန်လုပ်ငန်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဥ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ၂၇.၁၁.၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်က ဆေးနှင့်ဆေးပစ္စည်းစျေးနှုန်းများမြှင့်တက်မှုမရှိစေရေး၊ လူသုံးကုန်အလှကုန်များ ဈေးနှုန်းတည်ငြိမ်စေရေး စိစစ်ကြပ်မတ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပေါင်းတည်မြို့၊ သဖန်းပင်ဆိပ်အုပ်စု၊ သပြေကုန်းရွာ အခြေခံပညာမူလတန်းကျောင်း၌ (၂၆-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူရေးရာနှင့်ပတ်သက်သော အကြောင်းအရာများကို အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၂၆-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ ဘွဲ့ပင်ကန်ရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍ စားသုံးသူရေးရာဌာနနှင့် ပြန်ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲအခမ်းအနားများပြုလုပ်ခဲ့ပါသည်။