Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Jun 2023

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ‌ချောက်မြို့နယ်၌ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ကြွယ်ဝစေရန် မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို (၁၄.၆.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် အမှတ် (၃)၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။

21 Jun 2023

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် မိုးရာသီကာလ၌ ကုန်းတွင်းပိုင်း ယာမြေများတွင် နှစ်စဉ် မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းနှင့် ပဲလွန်းသီးနှံများ စိုက်ပျိုးကြပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စိုက်ဧက(၃၀၀၀)ခန့် စိုက်ပျိုးကြောင်း၊ တစ်နှစ်လျှင် တစ်ရာသီသာ မိုးသီးနှံ အဖြစ် စိုက်ပျိုးပြီး စိုက်ပျိုး ချိန်မှ ရိတ်သိမ်းချိန်အထိ သက်တမ်း(၆)လခန့် ကြာမြင့်ကြောင်း၊ ယခုနှစ် မိုးဦးကာလ ဇွန်လတွင် ပဲစဉ်းငုံသီးနှံများ လှိုင်လှိုင်စိုက်ပျိုးလျက်ရှိကြောင်း ဒေသခံတောင်သူများမှ တစ

21 Jun 2023

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြ ရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၆.၆.၂၀၂၃)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်ရှိ မုန့်မျိုးစုံရောင်းချသည့် ဆိုင်(၂)ဆိုင်အား ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၂)ဦးတို့မှ  ဈေးကွက်စေ

21 Jun 2023

       စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ “ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁/၂၀၂၃)” ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာ အဆိုသင်တန်းသို့ ပြည်နယ်ဦးစီးမှူး၊ သင်တန်းနည်းပြများအပါအဝင် ပြည်နယ်ရုံးနှင့်မော်လမြိုင် ခရိုင်ရုံးမှ ဝန်ထမ်းစုစုပေါင်း (၃၁)ဦးတက်ရောက်ခဲ့သည်။

21 Jun 2023

         စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင် ၊ ဒု-ဦးစီးမှုး ဒေါ်စောကြည်နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၅.၆.၂၀၂၃)ရက်နေ့ နံနက် (၁ဝး၀၀)နာရီ အချိန်တွင် မော်လမြိုင်မြို့၊ မြိုင်ရတနာ (၂)ထပ်ဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

Pages