စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင် ၊ ဒု-ဦးစီးမှုး ဒေါ်စောကြည်နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၅.၆.၂၀၂၃)ရက်နေ့ နံနက် (၁ဝး၀၀)နာရီ အချိန်တွင် မော်လမြိုင်မြို့၊ မြိုင်ရတနာ (၂)ထပ်ဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးဆိုင် (၂၀) ဆိုင်အား စစ်ဆေးခဲ့ပြီး ဈေးဆိုင်များ၌ ရောင်းချနေသော စားဆီများ၊ ကလေးအာဟာရဖြည့်စွက်စာများတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိ စောင့်ကြည့်ခဲ့ရာ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားကြောင်းတွေ့ရှိရပါသည်။ ဆက်လက်၍ ဆိုင်ရှင်များကိုလည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ရောင်းချရန် ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖော်ပြပါရှိသော အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)