Main menu

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ “ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃)” ဖွင့်လှစ်

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ “ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁/၂၀၂၃)” ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာ အဆိုသင်တန်းသို့ ပြည်နယ်ဦးစီးမှူး၊ သင်တန်းနည်းပြများအပါအဝင် ပြည်နယ်ရုံးနှင့်မော်လမြိုင် ခရိုင်ရုံးမှ ဝန်ထမ်းစုစုပေါင်း (၃၁)ဦးတက်ရောက်ခဲ့သည်။

          အဆိုပါ သင်တန်းတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးက နိုင်ငံဝန်ထမ်းဥပဒေနှင့် ရုံးလုပ်ငန်းလက်စွဲဘာသာရပ်ကို သင်ကြားပို့ချခဲ့ပါသည်။ ထို့နောက် IT ဘာသာရပ်၊ မူဝါဒလေ့လာရေးနှင့် စီမံကိန်း၊ စာရင်းအင်းဘာသာရပ်၊ တိုင်ကြားမှုနှင့်ပတ်သက်၍ လက်ခံဖြေရှင်းဆောင်ရွက်ပေးနေမှု ဘာသာရပ်၊ ငွေစာရင်းနှင့်ပတ်သက်သည့် ဘာသာရပ်၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဘာသာရပ်၊ စီမံရေးရာဘာသာရပ်၊ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးဘာသာရပ်၊  သတင်း/ဆောင်းပါး ရေးသားခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဘာသာရပ်၊ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် ပတ်သက်၍လေ့ကျင့်ခြင်းကိုလည်းကောင်း သက်ဆိုင်ရာ နည်းပြများက အသီးသီးသင်ကြားပို့ချခဲ့ပြီး သင်တန်းဆင်းပွဲတွင် သင်တန်းသားများမှ ၎င်းတို့ လေ့လာသိရှိမှုများကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)