သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ (၉.၆.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှ (၁၂:၃၀)နာရီအထိ မကွေးမြို့ပေါ်ရှိ စားသောက်ကုန်၊ အလှကုန်နှင့် ဆေးဆိုင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဦးဟာခေါဂေသည် (၈.၆.၂၀၂၃) ရက်နေ့ ၊နံနက် (၀၉:၀၀)နာရီအချိန်တွင် ရေနံချောင်းမြို့၊ ရွှေငုံရပ်ကွက်ရှိ အမှတ် (၈) အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊တိုင်းဒေသကြီးဦးစီးမှူး လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ၊ (၉)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်း၌ ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၆) တွင် အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ သင်တန်းသူ (၃၅) ဦးနှင့် ဆရာမ (၉) ဦး စုစုပေါင်း (၄၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တိုးရွှေဝါခန်းမတွင် မအူပင်ခရိုင်အတွင်းရှိ ဒေသတွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs) ၏ထုတ်ကုန်ပြပွဲကို (၈-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၏ တိုင်းဒေသကြီးသယံဇာတဝန်ကြီး ဦးအုန်းမြင့်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပွင့်ဖြူမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၂.၆.၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပွင့်ဖြူမြို့နယ်၊ကုန်းဇောင်းကျေးရွာ၊ ကုန်းဇောင်းဈေးအတွင်း ရောင်းချလျက်ရှိသည့် စားသောက်ကုန် များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ Mobile Lab Van ဖြင့် ဈေးကွက်နမူနာ ကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။