မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပွင့်ဖြူမြို့နယ် တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၂.၆.၂၀၂၃) ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပွင့်ဖြူမြို့နယ်၊ကုန်းဇောင်းကျေးရွာ၊ ကုန်းဇောင်းဈေးအတွင်း ရောင်းချလျက်ရှိသည့် စားသောက်ကုန် များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ Mobile Lab Van ဖြင့် ဈေးကွက်နမူနာ ကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်နမူနာ ကောက်ယူရာတွင် မိတ်ဖက်ဌာနများဖြစ်သော မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကုန်းဇောင်းဈေးအတွင်းရောင်းချနေသော စားသောက်ကုန်များအား ဈေးကွက်နမူနာ ကောက်ယူ၍ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ စားသောက်ကုန်(၁၉)မျိုးသည် ဘေးထွက်ဆိုးကျိုးမရှိသောစားသောက်ကုန်များအဖြစ် ဓာတ်ခွဲနမူနာအဖြေများ ရရှိခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ ကုန်းဇောင်းဈေးအတွင်း စားသောက်ကုန်များ ရောင်းချသည့် ဈေးသည်များအား စားသုံးသူများ၏ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေမည့် စားသောက် ကုန်များအားရောင်းချခြင်း မပြုကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော စားသောက်ကုန်များကိုသာ ရောင်းချကြရန်နှင့် ညွှန်ကြားချက်များ၊ အမိန့်ကြော်ငြာစာများတွင်ပါရှိသည့် လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)