Main menu

ရေနံချောင်းမြို့၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာ‌ပေး ဟောပြောပွဲ ကျင်းပ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဦးဟာခေါဂေသည် (၈.၆.၂၀၂၃) ရက်‌နေ့ ၊နံနက် (၀၉:၀၀)နာရီအချိန်တွင် ရေနံချောင်းမြို့၊ ရွှေငုံရပ်ကွက်ရှိ အမှတ် (၈) အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

     အဆိုပါ ဟောပြောပွဲတွင် ရေနံချောင်းမြို့နယ်တာဝန်ခံ ဦးဟာခေါဂေ (ဒု-ဦးစီးမှူး)က အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား မိမိအခွင့်အရေးနှင့် မိမိကိုယ်မိမိ ကာကွယ်နိုင်သည့် အသိပညာဗဟုသုတများရရှိစေရန်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များအား သိရှိစေရန်၊ စားသောက်ကုန်နှင့် အခြားကုန်စည်များဝယ်ယူရာတွင် အသိ၊ သတိနှင့်ယှဉ်၍ လုံခြုံစိတ်ချရသော ကုန်စည်များရွေးချယ်ဝယ်ယူတတ်စေရန် အသိပညာပေး‌ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)