Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Jun 2023

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းဦးဆောင်၍ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း (၁)ဦး၊ အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းတို့ပူးပေါင်း၍ (၁၆.၆.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဦးစိုးတင့်ကုန်စုံဆိုင်နှင့် “ရှင်းသန့်”စတိုးဆိုင် သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

22 Jun 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ၊ ဦးစိုးအောင်နှင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ၊ ဦးစိုးဦးတို့သည် ၂၀၂၃ခုနှစ်၊ဇွန်လ (၁၉) ရက်နေ့ ၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဧရာဝတီကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်မှ ဆန်စပါးသိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

22 Jun 2023

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၅.၆.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အမှတ်(၈)ရပ်ကွက်၊ ပြည်တော်သာ (၁၀)လမ်း၊ ရွှေဘိုမြို့ရှိ ပေါင်မုန့်၊ ကိတ်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်င

22 Jun 2023

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ် တာဝန်ခံ ဒေါ်စန်းစန်းဝေသည် မုံရွာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့  (နေ့လယ် ၁၂:၀၀) နာရီအချိန်တွင် မုံရွာမြို့ လူထုအ‌ခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စားသုံးသူများ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ 

22 Jun 2023

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအခမ်းအနားကို (၁၃.၆.၂၀၂၃)၊ နံနက်(၀၉:၀၀) နာရီတွင် အမှတ်(၁)အခြခံပညာအထက်တန်းကျောင်း၊ မြရိပ်ညိုခန်းမ၌ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုး(ဌာနခွဲစာရေး)က စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။

Pages