စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်းဦးဆောင်၍ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း (၁)ဦး၊ အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းတို့ပူးပေါင်း၍ (၁၆.၆.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဦးစိုးတင့်ကုန်စုံဆိုင်နှင့် “ရှင်းသန့်”စတိုးဆိုင် သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ဂျိုကာအမှတ်တံဆိပ်ပါ မုန့်ကြွပ်တွင် ကုန်စည်အမျိုးအစားအ လိုက်သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည် ၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ သုံးစွဲပုံနည်းလမ်းများ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်စေရန်နှင့် ဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချမှုမပြုရန် ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)