စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ၊ ဦးစိုးအောင်နှင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ၊ ဦးစိုးဦးတို့သည် ၂၀၂၃ခုနှစ်၊ဇွန်လ (၁၉) ရက်နေ့ ၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဧရာဝတီကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်မှ ဆန်စပါးသိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံခဲ့ရာတွင် တိုင်းဒေသကြီးဦးစီးမှူးက ဆန်စပါးသိုလှောင်မှုမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိက လုပ်ငန်းဖွဲ့စည်းထားရှိမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးသင်းချုပ်ဥက္ကဋ္ဌမှ ဒုတိယအဖွဲ့ ခေါင်းဆောင်ဖြစ်ကြောင်းနှင့် အဖွဲ့ဝင်များအကြောင်းရှင်းလင်းပြောကြားပြီးနောက် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ လုပ်ငန်းတည်နေရာ တစ်နေရာတွင် ဆန်တန်ချိန် (၅၀) ၊ ဆန် (၁၀၀၀) အိတ် နှင့် စပါးတင်း (၅၀၀၀)အထက် သိုလှောင်မှုပမာဏကို မှတ်ပုံတင်ရန် သတ်မှတ်ခြင်းပမာဏပြောင်းလဲခြင်းကို သတင်းပို့သည့်စနစ်ကို ကြပ်မတ် အကောင်ထည်ဖော်ရန် ICT နှင့် Digital နည်းပညာအသုံးပြု၍ အွန်လိုင်းမှတ်ပုံတင်ခြင်း ကျင့်သုံးရန် ၊တိုင်း/ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှတစ်ဆင့် ကြပ်မတ်ဆောင်ရွက်ရန်၊ မှတ်ပုံတင်စနစ် ကျင့်သုံးနိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် သာမက လုပ်ငန်းတာဝန်သတ်မှတ် ချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)