စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ် တာဝန်ခံ ဒေါ်စန်းစန်းဝေသည် မုံရွာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ (နေ့လယ် ၁၂:၀၀) နာရီအချိန်တွင် မုံရွာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် စားသုံးသူများ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသို့နွေးဆွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့်စားသုံးသူကာကွယ်ရေး ၏ အဓိပ္ပာယ်များအကြောင်း ဦးစွာရှင်းလင်းပြီးနောက် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အမှတ် ၉ ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ကြောင်း၊ ဥပဒေရေးဆွဲရခြင်းရည်ရွယ်ချက်နှင့် ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရန် ဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှ (၂၀.၁၂.၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်ထားသည့် (၁/၂၀၂၁) ညွှန်ကြားချက်ပါအချက်များကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားလျှောက်ထားလိုပါက တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စားသုံးသူရေးရာဦးစီးဌာတွင် လျှောက်ထားနိုင်ကြောင်းနှင့် ကုန်စည်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများခန့်အပ်ပြီး သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်များအား အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)