သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးသည် (၂၀.၁၁.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်) ရုံး၌ မကွေးမြို့ရှိ စားသုံးဆီကြိတ်ခွဲထုတ်လုပ်ရောင်းချသည့် ဆီစက်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တာဝန်ခံသည် (၂၆.၁၁.၂၀၂၄)ရက်နေ့၊ နံနက် (၀၆:၀၀) နာရီအချိန်တွင် မကွေးမြို့၊ မင်္ဂလာစျေးရှိ အခွန်လွတ်စျေးတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စျေးတာဝန်ခံ (စည်ပင်သာယာရေးအဖွဲ့)များနှင့် ပူးပေါင်းပြီး စျေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များအား နမူနာဝယ်ယူပြီး စားသုံးသူများဘေးကင်းစေရေး Mobile Lab Van ဖြင့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၂၃.၁၁.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ စားသုံးသူပြည်သူများအား စားသုံးသူကာ ကွယ်ရေးအသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၂၇.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ပွင့်ဖြူမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည်များရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၂၆.၁၁.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်တာဝန်ခံရုံး၌ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များသိရှိစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။