သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၂၄.၁၁.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ ပွင့်ဖြူမြို့နယ်၊ ရှောက်တောအုပ်စု၊ ဥယျာဉ်ကျစ် ကျေးရွာ၌ ထုတ်လုပ်လျက်ရှိသော မြင့်မိုရ်တောင် ပဲကြော်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်စေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့မဈေး၌ (၂၅.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၀၇:၃၀) အချိန်တွင် ပွင့်ဖြူမြို့နယ်တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်လျော့နည်းသုံးစွဲစေရေးအတွက် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ၊ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (ပြည်ကျော်) မုန့်မျိုးစုံလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းရှင်နှင့် (၂၆.၁၁.၂၀၂၄)ရက်နေ့တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး)၏ ဓာတ်ခွဲခန်းများမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း လုပ်ငန်းရှင်ပေါင်း (၅၆)ဦးက အပ်နှံလာသော သီးနှံအမျိုးအစား(၁၄)မျိုး၊ စုစုပေါင်းနမူနာအရေအတွက် (၁၂၀) ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း (၄၀၇) ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၆.၁၁.၂၀၂၄) ရက်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့အဝေးပြေးလမ်းမရှိ ရွှေစင်ဦးဟိုတယ်သို့ သွားရောက်ပြီး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ခရီးသွားလုပ်ငန်း ဆောင်ရွက်ရာ၌ သွားလာ၊ စားသောက်၊ နေထိုင်ရေးတို့မှာ အရေးကြီးသဖြင့် ဒေသအလိုက် အစားအသောက်များ ကောင်းမွန်ရန်၊ တည်းခိုနေထိုင်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများ အဆင်