Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
04 Dec 2024

     ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီတွင် ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင် (၅)ဆိုင်အား ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာ၊ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ စျေးကွက်အတွင်းဖြန့် ဖြူးရောင်းချနေသည့် ဆေးဝါးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ ဘေးအန္တရာယ်ဖြစ်နိုင်သည့် သက်တမ်းလွန်ဆေးဝါးများရောင်းချနေခြင်း ရှိ / မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပ

04 Dec 2024

    ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ခရမ်းမြို့နယ်၌ စားသုံးသူပြည်သူများ၏ အခြေခံ စားသောက် ကုန်ဖြစ်သည့် ကြက်ဥများအားသက်သာသောဈေးနှုန်းဖြင့် နိုဝင်ဘာလ(၂၇) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီ အချိန်တွင် ခရမ်းမြို့နယ် ရပ်ကွက်၊ကျေးရွာများသို့ လှည့်လည်ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရသည်။

04 Dec 2024

    ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ခရမ်းမြို့နယ်အတွင်းရှိ ကြက်ခြံများတွင် ကြက်ဥထုတ်လုပ်လက်ကားဖြန့်ဖြူးရောင်းချပေးလျှက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များကြက်ဥ ထုတ်လုပ် နိုင်မှုအခြေအနေအား နိုဝင်ဘာလ(၂၇)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

04 Dec 2024

     ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် နေကြာမျိုးစေ့နှင့် ပိုက်ဆံလျှော်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှဦးစီး၍ နိုဝင်ဘာလ(၂၆)ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် ကော့မှူးမြို့နယ် မကျီးကန် ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၀၃)၊ ဦးပိုင်အမှတ်(၄၀/၁)၊ ဧရိယာ(၁.၇၀)ဧကရှိ တောင်သူ ဒေါ်သန်းသန်းဦးပိုင် လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

04 Dec 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးက   (၂၁.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ မိဘ ပြည်သူ(၁၄)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

Pages