သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင်၊မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၂၀-၁၁-၂၀၂၄)ရက်နေ့ နေ့လယ်(၁၁:၀၀)နာရီတွင် မော်ကျွန်းမြိုုနယ်ရှိ ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီများ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ်8F-6136) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၄၁)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၂၀.၁၁.၂၀၂၄)ရက်နေ့ ၊ ညနေ(၁၇:၄၀)နာရီတွင် လပွတ္တာမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ် 8L-7001) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၁.၁၁.၂၀၂၄) ရက်နေ့ ၊နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတွင် ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၁၀/၂၀၂၄) ကိုကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ စာသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်၊၊
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးသည် (၂၁-၁၁-၂၀၂၄)ရက်နေ့ ၊ နေ့လယ် (၁၅:၃၀)နာရီတွင် ကျုံမငေးမြို့ရှိ မြို့မဈေး တာဝန်ခံရုံးခန်းတွင် ကုန်စုံဆိုင်လုပ်ငန်းရှင် (၁၀)ဦးအား Online SaIe ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။