Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
03 Dec 2024

               စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများသည်(၂၆-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် သာကေတမြို့နယ်၊ အမှတ်(၁)ဈေး အတွင်းရှိကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

03 Dec 2024

              အထက်အကြီးအကဲကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်  ၂၁.၁၁.၂၀၂၄ ရက်  နေ့လယ် (၁၂:၃၀) နာရီအချိန်တွင်  အမှတ် (၁၂၃၆)၊ သစ္စာလမ်း၊ တာမွေမြို့နယ်ရှိ Smart Care  Co., Ltd မှ ဆေးဝါးဖြန့်ချိမှုအခြေအနေများ သွားရောက်စစ်ဆေးရန် တာဝန်ခံဦးအောင်ကျော်စိုးနှင့် သွားရောက်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

03 Dec 2024

               စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည်  ၂၃.၁၁.၂၀၂၄ ရက်  နေ့လယ် (၁၃:၀)) နာရီအချိန်တွင်  အမှတ် (၁၂၀၁)၊ လက်ဝဲမင်းဒင်လမ်းရှိ Trust Alliance  Co., Ltd မှ   စီးပွားရေးလုပ်ငန်ရှင်ဒေါ်တင်ဝါဝါနှင့် သွားရောက်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ အသိပညာပေးစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

03 Dec 2024

             စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး )နှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ (၂၂.၁၁.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ဈေးအတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

03 Dec 2024

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည်(၂၀-၁၁-၂၀၂၄) ရက်နေ့နံနက်(၀၈:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်အတူ ကံမမြို့ မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသောကုန်စည်များ ဈေးကွက်အတွင်းရောင်းချနေမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

Pages