Main menu

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်အတွင်း လုပ်ငန်းရှင် ၂၂ ဦးက အပ်နှံလာသော သီးနှံ အမျိုး အစား ၁၅ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၈၁ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၁၄၈ ခုကို ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

     ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း လယ်ယာထွက်ကုန် ပို့ကုန်များအား ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအတွက် ဆန်ဖြူ၊ ဆန်ကွဲ၊ နှမ်းနက် (သိပ္ပံ)၊ မုယောစပါး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲယင်းနီ၊ တိရစ္ဆာန်စာ၊ ပဲလွန်း၊ မြေပဲ၊ နှမ်းဖြူ၊ နှမ်းညို၊ မြေထောက်ပဲ တို့တွင် ပိုးသတ်ဆေးဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှု၊ သီးနှံဓာတုနှင့် ရူပအရည်အသွေးစသည့် ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းများနှင့် ရောနှောဆီ၊ မြေပဲငြုပ်ဆီတို့၏ အရည်အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၄၂ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၃၅ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၂၆ ခု၊ သီးနှံဓာတု ဓာတ်ခွဲခန်းမှ ၄၂ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ ၃ ခု စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၁၄၈ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။