
စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ဒုဦးစီးမှူး ဦးထန်ဘူးလေ သည် (၂၆.၈.၂၀၂၆)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် မိုးကောင်းရပ်ကွက်၊ အောင်ပန်းမြို့ရှိ စော်ဘွား (လက္ဖ်ခြောက်လုပ်ငန်း)အား ကုန်အညွန်းအမှတ်အသားပြည့်စုံစွာ ပါရှိရေး(Pre Matket) ဈေးကွက်မရောက် မီ စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် ဒုဦးစီးမှူး ဦးထန်ဘူးလေမှ ကုန်စည်နှင့်စပ်လျဉ်း၍ မြန်မာ ဘာသာ ကုန်အညွှန်းအမှတ်အသားဖော်ပြမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနထောက်ခံချက် ရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပစ်ဒဏ်များအကြောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍အချက်အလက်များကိုပြည့်စုံစွာဖော်ပြရမည်ဖြစ်ပြီး ကုန်စည် အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင် ရွက်ရန် ရှင်းလင်းဆွေးနွေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCa(ရှမ်း)
