သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများသည် (၂၃.၁၁.၂၀၂၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ဘီးလင်းမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ Kaung Hlyan New Asia ကုမ္ပဏီမှ (ယာဉ်အမှတ် 4G-2351) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၄၄) ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
၂၈.၁၁.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် Mega Lifesciences Co.Ltd (မော်လမြိုင်ရုံးခွဲ)မှ တင်ပြလာသည့် ပျက်စီး၍ သက်တမ်းလွန်နေသော ဆေးဝါးများ၊ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မော်လမြိုင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မော်လမြိုင်မြို့နယ်၊ မုရောင်းအမှိုက်ကျင်းတွင် မြေမြုပ်ဖျက်စီးခြင်းတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကော့သောင်းခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီတွင် ကော့သောင်းမြို့ပေါ်ရှိ ဆန်နှင့် စားအုန်းဆီရောင်းချနေသည့် ကုန်စုံဆိုင် (၅)ဆိုင်အား ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။
(၂၁.၁၁.၂၀၂၄) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ DICA အစည်းအဝေးခန်းမတွင် စားသုံးသူကော်မတီ(၄/၂၀၂၄)ကြိမ်မြောက်အစည်းအဝေးကို ကျင်းပဆောင်ရွက်ရာ စားသုံးသူရေးရာကော်မတီဥက္ကဌ စီးပွားရေးရာဝန်ကြီးဒေါ်ရီရီသန်းက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအဖွဲ့ဝင်များနှင့် စားသုံးသူဝန်ထမ်း(၁၇)ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ စည်ပင်သာယာစျေးများတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့သည် အခြေခံစားသောက်ကုန်များ၏ လက်လီ/လက်ကား စျေးနှုန်းများ ကောက်ယူခဲ့ပါသည်။