Main menu

မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များထံသို့ သွားရောက် အသိပညာပေး ဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့် အတွက် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များ၊ မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များ အား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ သိရှိ စေရန်ရည်ရွယ်၍ (၂၄..၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ  မြေပြင် စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်လက်မှတ် ရရှိထားသည့် အလှကုန်ပစ္စည်းများ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်တွေ့ ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          ထိုသို့ အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်း ဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များနှင့်ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး မိမိတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံ စွာထည့်သွင်းဖော်ပြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကို သေချာစွာလိုက်နာရန် လိုအပ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များထံသို့လည်း မြေပြင်ကွင်းဆင်း စစ်ဆေးအတည်ပြုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များသည်(၂)နှစ်ပြည့်လျှင် သက်တမ်းတိုးရ မည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားရရှိမှုနှင့် စပ်လျဉ်း၍ လျှောက်ထားစဉ်က အချက်အလက်များနှင့် မြေပြင်အခြေအနေ မှန်ကန်မှု ရှိ/မရှိအခြေအနေများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ သို့မှသာ စားသုံးသူ ပြည်သူများအနေဖြင့် လုံခြုံစိတ်ချရမှုရှိပြီးလိမ်လည်ရောင်းချခြင်းမှ ကင်းဝေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှ မှတ်ပုံတင်လက်မှတ်များရရှိထားသည့်အတွက် စားသုံးသူအခွင့် အရေးများလည်း ရရှိလာမည်ဖြစ်ပြီး လုပ်ငန်းရှင်များအတွက်လည်း အကျိုးကျေးဇူးများ၊ နာမည်ဂုဏ် သတင်းများ ရရှိလာမည်ကြောင်း အသိပညာ ပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)