လူသုံးကုန်ပစ္စည်းများ
Powered by Drupal

|
ကုန်စည်အမျိုးအစား |
လူသုံးကုန်ပစ္စည်း
|
|
ကုန်စည်အမျိုးအမည် |
3A Halloween ယာယီတက်တူး |
|
ထုတ်လုပ်သည့် ကုမ္ပဏီအမည် |
_ |
|
ကုန်စည်ပြန်လည်သိမ်းဆည်းသည့် အမှတ်စဉ် |
2025/20622 |
|
ထုတ်လုပ်သည့်နိုင်ငံ |
တရုတ် |
|
ဆောင်ရွက်သည့်ပုံစံ |
တရားဝင်ပြန်လည်သိမ်းဆည်းခြင်း |
|
ဆောင်ရွက်ရသည့်အကြောင်းအရင်း |
3A Halloween ယာယီတက်တူး Sticker သည် ဩစတေးလျနိုင်ငံ၏ သတ်မှတ်ထားသော စံချိန်စံညွှန်း များနှင့် ကိုက်ညီမှု မရှိခြင်းနှင့် ပါဝင်သော ပစ္စည်းများကို ကုန်စည်နှင့်အတူ ဖော်ပြထားခြင်းမရှိသဖြင့် အသုံးပြု သူများအနေဖြင့် ဓာတ်မတည့်သော ပစ္စည်းများနှင့် ထိတွေ့မိပါက ဘေးအန္တရာယ်များ ဖြစ်နိုင်ချေရှိသော ကြောင့် ပြန်လည်သိမ်းဆည်းရခြင်း ဖြစ်ပါသည်။
|
|
အသိပေးထုတ်ပြန်သည့်နိုင်ငံ |
ဩစတေးလျနိုင်ငံ |
|
ထုတ်ပြန်သည့်နေ့ရက် |
၁၀- ၉- ၂၀၂၅ |
|
သတင်းရင်းမြစ် |

ကုန်စည်အမျိုးအစား လူသုံးကုန်ပစ္စည်း
ကုန်စည်အမျိုးအမည် Cube23 Longtail Sport Hybrid 725
မော်ဒယ် _
ထုတ်လုပ်သည့် ကုမ္ပဏီအမည် Pedal Group
ကုန်စည်ပြန်လည်သိမ်းဆည်းသည့် အမှတ်စဉ် 2025/20552
ထုတ်လုပ်သည့်နိုင်ငံ ဂျာမနီ
ဆောင်ရွက်သည့်ပုံစံ တရားဝင်ပြန်လည်သိမ်းဆည်းခြင်း
ဆောင်ရွက်ရသည့်အကြောင်းအရင်း Cube23 Longtail Sport Hybrid 725 စက်ဘီးသည် kickstand ကိုအသုံးပြုသော အခါတွင် စက်ဘီးဒေါက် ကို ထိခိုက်စေနိုင်ပြီး kickstand ဖရိန်ကွဲသွားပါက စက်ဘီးပေါ်မှ မတော်တဆ ပြုတ်ကျနိုင်ပြီး ထိခိုက် ဒဏ်ရာများ ရရှိနိုင်သောကြောင့် ပြန်လည်သိမ်းဆည်း ရခြင်းဖြစ်ပါသည်။
အသိပေးထုတ်ပြန်သည့်နိုင်ငံ ဩစတေးလျနိုင်ငံ
ထုတ်ပြန်သည့်နေ့ရက် ၁၉ - ၆- ၂၀၂၅
သတင်းရင်းမြစ် https://www.productsafety.gov.au/search-consumer-product-recalls/cube23-longtail-sport-hybrid-725-swamp-grey-reflex-e-bike

ကုန်စည်အမျိုးအစား လူသုံးကုန်ပစ္စည်း
ကုန်စည်အမျိုးအမည် Invisible Ink Spy Pen
မော်ဒယ် _
ထုတ်လုပ်သည့် ကုမ္ပဏီအမည် _
ကုန်စည်ပြန်လည်သိမ်းဆည်းသည့် အမှတ်စဉ် 2025/20540
ထုတ်လုပ်သည့်နိုင်ငံ တရုတ်
ဆောင်ရွက်သည့်ပုံစံ တရားဝင်ပြန်လည်သိမ်းဆည်းခြင်း
ဆောင်ရွက်ရသည့်အကြောင်းအရင်း မော်ဒယ်နံပါတ် SKU: 10008773 နှင့် 10007187 ဖြင့် ထုတ်လုပ်ထားသော ဘောပင်တွင် ဘက်ထရီ ပါဝင်သော ထုတ်ကုန်များအတွက် သတ်မှတ်ထားသော စံချိန်စံညွှန်း များနှင့် ကိုက်ညီမှုမရှိပါ။ အဆိုပါ ဘောပင်၏ အဖုံးတွင် ဘက်ထရီအသေးပါရှိပြီး အဆိုပါ အဖုံးများသည်လည် ကလေးများအလွယ်တကူဖြုတ်နိုင်သောကြောင့် လုံခြုံမှု မရှိဘဲ မတော်တဆ မျိုချမိပါက ဘေးအန္တရာယ်များ ဖြစ်နိုင်ချေရှိသောကြောင့် ပြန်လည်သိမ်းဆည်းရခြင်း ဖြစ်ပါသည်။
အသိပေးထုတ်ပြန်သည့်နိုင်ငံ ဩစတေးလျနိုင်ငံ
ထုတ်ပြန်သည့်နေ့ရက် ၄ -၆- ၂၀၂၅
သတင်းရင်းမြစ် https://www.productsafety.gov.au/search-consumer-product-recalls/invisible-ink-spy-pen

ကုန်စည်အမျိုးအစား လူအသုံးအဆောင်ပစ္စည်း
ကုန်စည်အမျိုးအမည် Heated Elbow Wrap (တံတောင်ဆစ်ကို အပူပေးသည့် လက်ပတ်)
ထုတ်လုပ်သည့် ကုမ္ပဏီအမည် Kmart Australia Ltd.
ကုန်စည်ပြန်လည်သိမ်းဆည်းသည့် အမှတ်စဉ် 2025/20508
ထုတ်လုပ်သည့်နိုင်ငံ တရုတ်
ဆောင်ရွက်သည့်ပုံစံ တရားဝင်ပြန်လည်သိမ်းဆည်းခြင်း
ဆောင်ရွက်ရသည့်အကြောင်းအရင်း တံတောင်ဆစ်ပေါ်တွင် အသုံးပြုရန်အတွက် ထုတ်လုပ် ထားသော အားပြန်သွင်းနိုင်သည့် အပူခံပြားသည် မှားယွင်းစွာ အသုံးပြုပြီး တံတောင်ဆစ် အပေါ်တွင် တင်းကျပ်စွာ ရစ်ပတ်ခဲ့မိပါက အသုံးပြုသူ၏ တံတောင်ဆစ်ကို အပူလောင်ကျွမ်းစေနိုင်ပြီး အထူးသဖြင့် အပူဒဏ်မခံနိုင်သည့် စားသုံးသူများအတွက် ကြီးမားသော ဘေးအန္တရာယ် ဖြစ်စေနိုင်သောကြောင့် ပြန်လည် သိမ်းဆည်းရခြင်းဖြစ်ပါသည်။
အသိပေးထုတ်ပြန်သည့်နိုင်ငံ ဩစတေးလျနိုင်ငံ
ထုတ်ပြန်သည့်နေ့ရက် ၁၃- ၅- ၂၀၂၅
သတင်းရင်းမြစ် https://www.productsafety.gov.au/search-consumer-product-recalls/heated-elbow-wrap
ကုန်စည်အမျိုးအစား လူအသုံးအဆောင်ပစ္စည်း
ကုန်စည်အမျိုးအမည် အဖုံးပါသော နှစ်ထပ်ကော်ဖီခွက် (Anko)
ထုတ်လုပ်သည့် ကုမ္ပဏီအမည် Kmart Australia Ltd.
ကုန်စည်ပြန်လည်သိမ်းဆည်းသည့် အမှတ်စဉ် 2025/20478
ထုတ်လုပ်သည့်နိုင်ငံ တရုတ်
ဆောင်ရွက်သည့်ပုံစံ တရားဝင်ပြန်လည်သိမ်းဆည်းခြင်း
ဆောင်ရွက်ရသည့်အကြောင်းအရင်း အဆိုပါ ခွက်၏ အဖုံးတွင် ဖိအားထုတ်လွှတ်မှုကို ခံနိုင်သော အဆို့မပါရှိသောကြောင့် ခွက်အတွင်း ပူသော အရည်များထည့်၍ အဖုံးပိတ်သောအခါ လုံခြုံမှု မရှိဘဲ ခွက်အတွင်းမှအရည်ပူများ ထွက်လာနိုင်ပြီး ပြင်းထန် သော ဒဏ်ရာများရရှိနိုင်သောကြောင့် အဆိုပါ မော်ဒယ် နံပါတ် SKU: 70220124, 70220131, 70220148 တို့ကို ပြန်လည်သိမ်းဆည်းရခြင်း ဖြစ်ပါသည်။
အသိပေးထုတ်ပြန်သည့်နိုင်ငံ ဩစတေးလျနိုင်ငံ
ထုတ်ပြန်သည့်နေ့ရက် ၉- ၄- ၂၀၂၅
သတင်းရင်းမြစ် https://www.productsafety.gov.au/search-consumer-product-recalls/double-walled-coffee-cups-with-lids-anko
